ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၁ ရက်
ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တတ်လာသောစစ်ကောင်စီတပ်များအား စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁၆)၊ တပ်ခွဲ (၂) နှင့် ပူးပေါင်းမဟာမိတ်တပ်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၆)အဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
ယင်းမာပင်ခရိုင်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်းအထက်သို့ ဆန်တတ်လာသော စစ်ကောင်စီတပ် အင်အား ၅၀ခန့်အား ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၄ နာရီခန့်တွင် ယင်းမာပင်ခရိုင်တပ်ရင်း (၁၆)၊ တပ်ခွဲ (၂)နှင့် ပူပေါင်းမဟာမိတ်အဖွဲ့များက ချင်းတွင်းမြစ်ကြောင်းတစ်နေရာတွင် ပြောင်းတိုက်ကြီး ၂၀၊ ၄၀ မမ ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှထိခိုက်ကျဆုံးမှုများရှိနိုင်ကြောင်းယင်းမာပင်ခရိုင်တပ်ရင်း (၁၆)၊ တပ်ခွဲ(၂)One Star Task Force အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်များအား တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)၊ တပ်ခွဲ (၂) One Star Task Force ၊ ဆားလင်းကြီး GZ /Black Shadow ၊ Black botefighter ၊DPTF၊ BED ငညို၊ YRF၊ People Defence Arrmy-Yinmarbin ၊မဲမှောင်ပြောက်ကျားတပ်ဖွဲ့ ၊ ဗိုလ်နှုတ်ခမ်းမွေး နှင့် ရဲဘော်များ ၊ MRDA. ဆားလင်းကြီးတပ်ခွဲး တစ်ကိုယ်တော်သုဘရာဇာတော်လှန်ရေးမဟာမိတ်မဖွဲ့များမှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) UFM အထူးကွန်မန်ဒိုအတွက် စနိုက်ပါဝယ်ယူနိုင်ရေးအတွက် တော်လှန်းရေးမဲလက်မှတ်များဝယ်ယူနိုင်အားပေးခြင်းဖြစ် ကူညီကြပေးကြရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။
#ချင်းတွင်းမြစ်ကြောင်း #စစ်ကောင်စီ #PDF #ပူးပေါင်းအဖွဲ့ #လက်နက်ကြီး #လက်နက်ငယ် #ပစ်ခတ်တိုက်ခိုက်
#Ayeyarwaddy_Times