ဧရာဝတီတိုင်းမ်
ဇန်ဝါရီလ ၈ ရက်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ပေါ်မှ စစ်ကောင်စီ၏သတင်းပေး(ဒလန်)ဆိုသူ ကျော်မြင့်ကို ယမန်နေ့ ဇန်ဝါရီလ ၇ ရက်နေ့ မနက်ပိိုင်းက PDF တပ်က ပစ်ခတ်ရှင်းလင်းခံရကြောင်း သတင်းရရှိသည်။

၎င်းအား ယမန်နေ့ မနက်ပိုင်းက သိမ်ငှက်ဖြူအဖွဲ့မှ ဗိုလ်ကျောက်ခဲက ကျောက်ဆည်မြို့ပေါ်ရှိ ၎င်း၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ Point 22 ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိမ်းငှက်ဖြူပျောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

“ကျော်မြင့်က စစ်ကောင်စီအားကိုးနဲ့အနီးနားကအိမ်တွေမှာ ပတ်ခိုးတယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ထဲဝင်တဲ့လူငယ်တွေနေအိမ်ကို မီးရှို့တာတွေလုပ်တယ်။ ဒါကြောင့် ဒီမနက်မှာ ကျနော်ရယ် ရဲဘော်ကိုမျိုးရယ် နေအိမ်ထဲအထိဝင်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ”ဟု သိမ်းငှက်ဖြူတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်ကျောက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ သတင်းပေး(ဒလန်)ဆိုသူ ကျော်မြင့်သည် စစ်ကောင်စီတပ်များအား လက်နက်ကိုင်အဖွဲ့များ၏လှုပ်ရှားမှုများ၊ PDF အတွင်းဝင်ရောက်သောရဲဘော်မိသားစုများကိုသတင်းပေးခြင်း၊ နေအိမ်များကိုမီးရှို့ခြင်းများအားစစ်ကောင်စီတပ်နှင့်ပေါင်းကားလုပ်ဆောင်နေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ကျောက်ခဲက ဆိုသည်။

ဗိုလ်ကျောက်ခဲ ဦးဆောင်သည့်အဖွဲ့တွင် အင်းအား ၆၀ ကျော်ရှိနေပြီ လက်လုပ်သေနတ် ၃၇ လက်သာရှိသဖြင့်မစ်ရှင်ဆောင်ရွက်ရာတွင် လက်နက် မလုံလောက်သည့် အခက်အခဲများရှိနေကြောင်း လက်ရှိတွင် M4 ၂ လက်အကြွေးဝယ်ယူထားကြောင်း ၎က ဆက်လက်ပြောဆိုသည်။

သိမ်းငှက်ဖြူပျောက်ကျားတပ်ဖွဲ့သည် ဇန်ဝါရီလ ၆ ရက်နေ့ကလည်းမြစ်သာမှ ကျောက်ဆည်သို့လာသည့် စစ်ကောင်စိ ၁၀ ဦးပါ စစ်ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

#ကျောက်ဆည် #သတင်းပေး #ဒလန် #ကျော်မြင့် #ပစ်ခတ်ရှင်းလင်း
#Ayeyarwaddy_Times