ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်
ကုန်ဈေးနှုန်းများ မြင့်တက်လာမှုနဲ့ ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှုအတွက် သမ္မတ အီမန်နျူရယ်မေခ ရွန်ကို ဆန္ဒပြဖို့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မနေ့က ပါရီမြို့တော်မှာ စုဝေးခဲ့ကြပါတယ်။
အစိုးရက တောင်းဆိုချက်တွေ မဖြည့်ဆည်းပေးပေမယ့် ပြည်သူတွေရဲ့ လိုလားချက်တွေကို နားထောင် သင့်တယ်လို့ ဆန္ဒပြပွဲဉီးဆောင်တဲ့ Yellow Vests Movement အဖွဲ့ဝင် ဂျာမဲလ်ဘိုဘန်းက ပြောပါတယ်။
“သူတို့မတတ်နိုင်တဲ့ မြင့်မားတဲ့ ကုန်ဈေးနှုန်းတွေကြောင့် သေလုနီးပါးဖြစ်နေတဲ့ ပြင်သစ်ပြည်သူတွေအား လုံးအတွက် ဆန္ဒပြကြတာဖြစ်ပါတယ်” လို့ ဆန္ဒပြပွဲတွေကိုဉီးဆောင်တဲ့ သူက ဆိုပါတယ်။
ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်အထိ ဆရာဝန်တွေရဲ့ သပိတ်မှောက်မှုတွေက ပြင်သစ်အစိုးရအတွက် ပြဿ နာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်လာရေးအတွက် ဆရာဝန်တွေဟာ ပါရီမြို့တော်မှာ ဆန္ဒပြခဲ့ကြပါ တယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ကျန်းမာရေးဝန်ကြီးဌာနသို့ ချီတက်ကာ ကိုယ့်ကိုကိုယ်သတ်သေခဲ့တဲ့ အ လုပ်သင်ဆရာဝန်တွေကို အမှတ်ရသောအားဖြင့် တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရှိ အရေးပေါ်ဌာနတွေမှာ လူနာအရေအတွက် များပြားလာခဲ့ပြီး နာရီနဲ့ချီကြာအောင် စောင့် ဆိုင်းရတာတွေဖြစ်နေပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ဒုတိယမဏ္ဍိုင်ဖြစ်တဲ့ အထွေထွေသမားတော်တွေက ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ရရှိရေးနဲ့ လူနာတွေအပေါ်ကောက်ခံတဲ့ အဖိုးအခတိုးမြှင့်ရေး အာဏာပိုင်တွေထံ တောင်းဆိုဖို့ ဒီဇင်ဘာလ ၂၆ ရက် ဆန္ဒပြပွဲတွေ စတင်ခဲ့ပါတယ်။