ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂ ရက်

နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဘယ်လို ကြိုးပမ်းမှုမျိုးကမဆို ယင်းအ စိုးရ အဆုံးသတ်ရေးသာဖြစ်လာမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နျူကလီးယားတပ်ဖွဲ့ အင် အားတိုးချဲ့ဖို့ တောင်းဆိုပြီးနောက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

နျူကလီးယားလက်နက်တွေ ခိုင်မာအားကောင်းအောင်လုပ်ဆောင်ဖို့ အာဏာရ အလုပ်သမားပါတီ ဗဟို ကော်မတီအစည်းအဝေးမှာ ကင်ဂျုံအန်က မှာကြားခဲ့ပြီး တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ရန်သူဖြစ် တယ်လို့ ပြောကြားလိုက်ပါတယ်။

“မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက် အသုံးပြုဖို့ ကြိုးပမ်းမယ်ဆိုရင် ကင်ဂျုံအန်အစိုးရ ပြုတ်ကျရေးသာ ဖြစ်လာစေမယ်ဆိုတာ ပြင်းပြင်းထန်ထန် သတိပေးပါတယ်” လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထောက်တွေကို ပြောပါတယ်။

နျူကလီးယားလက်နက်တွေ ထုတ်လုပ်တာ ရပ်ဆိုင်းဖို့နဲ့ နျူလက်နက်ဖျက်သိမ်းရေး လမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဝင်ရိုးသုံးခု ကာကွယ်ရေးစနစ်နဲ့ လက်တုံ့ပြန်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို လက်တုံ့ပြန်ဖို့ တောင်ကိုရီးယားစစ်တပ်က လျှပ်တပျက် လက်တုံ့ပြန် ရေးတပ်ဖွဲ့ ထူထောင်မယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

ကိုးကား – The Peninsula Qatar
Ref; South Korea warns any North Korean nuclear use attempt would result in its end