ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ ၂၈ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် KNU ထိန်းချူပ်နယ် မြေအတွင်းရှိ ကျေးရွာများမှဒေသခံများနှင့်စစ်ဘေးရှောင်များကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုလော( KPDF )တာဝန်ရှိသူများမှ သွားရောက်တွေဆုံပြီး တော်လှန်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းကသွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး KPDF တာဝန်ရှိသူများမှ မူးယစ်ဆေးဝါး/ကျန်းမာရေး /ပညာရေး ကိစ္စများတွင် ကိုယ် ထူကိုယ်ထ လုပ်ဆောင်ချက်များကို ဆွေးနွေး ဟော ပြောခဲ့ပြီး စစ်ဘေးရှောင်များ နှင့် ကျေးရွာ ဒေသခံ များကိုလည် အားပေးစကားများပြောကြားပေးခဲ့ကြပါသည်။
“အခုဆိုရင် ကျနော်တို့ တွေစည်းရုံးလုပ်ဆောင်မှု တွေပြုလုပ်လာခဲ့တာကျေးရွာပေါင်း ၁၈ ရွာအထိလုပ်ဆောင်နိုင်ခဲ့ပါပြီ” ဟု KPDF တာဝန်ရှိသူတစ်ဦး ကဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းအပြင်KNU ထိန်းချူပ်နယ်မြေအတွင်း ကျေးရွာ ဒေသများကို ပြန်လည် တည်ဆောက်မှုများစွာလုပ် ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းကထပ်မံပြောကြား သည်။
အဆိုပါ KNU ထိန်းချူပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးမှုရှိလာစေရန် ဒီထက်မကပိုမို ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း KPDF တာဝန်ရှိသူများမှထည့်သွင်းပြောဆိုခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – ပုလောမြို့နယ် kNU ထိန်းချုပ်နယ်မြေအတွင်း KPDF တာဝန်ရှိသူများက ပြည်သူလူထုများနှင့်တွေ့ဆုံစဥ်။
#Ayeyarwaddy_Times