ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်စေလိုပြီး မြန်မာ့နိုင်ငံရေးမှာ အဓိကခေါင်းကိုင်တစ်ခုအ ဖြစ် ရှိနေလိုတယ်လို့ ဝါရင့်သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေအတွက် ချိုးဖောက်မှုတစ်ခုလို့ အတိုက်အခံတွေက ရှုမြင်တဲ့ ဒေသဆိုင်ရာ ညီ လာခံတစ်ခုကိုတက်ရောက်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြီးခဲ့တဲ့စနေနေ့က မြန်မာနိုင်ငံကို ရောက် လာခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးခရီးစဉ်အတွင်း ဝမ်ယိက တရုတ်နိုင်ငံရဲ့ ရေရှည် အ ကျိုးစီးပွားတွေအတွက် ကြိုးပမ်းသွားမယ်လို့ ယူဆရပါတယ်။

တရုတ်နိုင်ငံက မြန်မာ့အရေးမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ သေချာပေါက် ပါဝင်နေပေမယ့် အပြုသဘော မဆောင်ဟု ဘာတေးလ်လင့်တနာက ပြောပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထား တာကို ပိုကြိုက်ပြီး အဆင့်အသီးသီးမှာ ပါဝင်ပတ်သက်နေတယ်လို့ သူက ဆိုပါတယ်။

“တရုတ်က ဝတပ်ဖွဲ့ (UWSA) ကို ပံ့ပိုးတာ၊ ကိုးကန့်၊ ရှမ်းနဲ့ ပလောင်တပ်ဖွဲ့တွေကို တရုတ်လုပ်လက်နက် တွေ ပေးပို့ပြီး မြန်မာ့နိုင်ငံရေးမှာ အဆင့်အသီးသီးကနေ ပါဝင်ပတ်သက်နေတယ်” လို့ ဘာတေးလ်လင့်တနာက ပြောပါတယ်။
အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ အဓိက စိတ်ဝင်စားမှုက ပထဝီမဟာဗျူဟာဖြစ် တယ်လို့ အာဆီယံရေးရာ ကျွမ်းကျင်သူတွေက ယုံကြည်နေပါတယ်။“အရှေ့ဘက်ခြမ်းကနယ်စပ်မှာ တရုတ်ဖောက်သည် ပြည် နယ်တစ်ခု ပေါ်ပေါက်လာမှာကို အိန္ဒိယနိုင်ငံက မြင်တွေ့လိုမှာ မဟုတ်ပါဘူး” လို့လဲ ဘာတေးလ်လင့်တနာက ပြောပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၁၇၀၀ လောက် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

နယ်စပ်ဒေသတွေမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုထိန်းသိမ်းဖို့ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ မြန်မာခရီးစဉ်အတွင်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဟက်ရှ်ဗာဒန်ရှရင်ဂလာက တိုက်တွန်းခဲ့ပါ တယ်။

နယူးဒေလီရဲ့အကျိုးစီးပွားတွေရှိတဲ့အတွက်မြန်မာ့အရေး ဖြေရှင်းရာမှာ အိန္ဒိယနိုင်ငံက ပိုမို အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်သင့်တယ်လို့ ဘာတေးလ်လင့်တနာက ဆိုပါတယ်။

ကိုးကား – ANI News
Ref; China wants instability in Myanmar: Southeast Asia expert Bertil Lintner