ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၇ ရက်
ရိုဟင်ဂျာ ၁၈၀ တင်ဆောင်လာတဲ့ လှေတစ်စင်း နစ်မြှုပ်ခဲ့ဖွယ်ရှိတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စုပ်ချာ သော ဒုက္ခသည်စခန်းတွေမှ ထွက်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် ၂၀၂၂ ခုနှစ်ဟာ အဆိုးရွားဆုံး နှစ်တစ်နှစ်ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက ပြောပါတယ်။
မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်အတွင်း လူသေဆုံးမှုရှိသော ဖြိုခွင်းမှုတစ်ရပ် လုပ်ဆောင်ပြီးနောက် ထောင် ပေါင်းများစွာသော တိုင်းပြည်မှထွက်ပြေးခဲ့သူတွေ အပါအဝင် ရိုဟင်ဂျာတစ်သန်းခန့်ဟာ ပြွတ်သိပ်ကျပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။
“လှေပေါ်က ရိုဟင်ဂျာ ၁၈၀ ခန့် တစ်နေရာရာမှာ အသက်ရှင်ဆဲဖြစ်တယ်လို့ ယုံကြည်ပါတယ်” လို့ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ပြောရေးဆိုခွင့်ရှိသူ ဘာဘာဘာလိုက ပြောပါတယ်။
၂၀၁၃ ခုနှစ်မှာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း ရိုဟင်ဂျာ ၉၀၀ နီးပါး၊ ၂၀၁၄ ခုနှစ်မှာ ၇၀၀ ကျော် ပျောက်ဆုံးခဲ့တယ်လို့ UNHCR က ခန့်မှန်းပါတယ်။
၂၀၂၀ ပြည့်နှစ်ကလည်း ရိုဟင်ဂျာ ၂၄၀၀ ကျော် အန္တရာယ်များသော ပင်လယ်ပြင်ကို ဖြတ်ကျော်ဖို့ ကြိုး ပမ်းခဲ့ရာ ၂၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေနဲ့ထွက်ခွာတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ငါးဆကျော်အထိ မြင့်တက်လာခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်က ရိုဟင်ဂျာအမျိုးသား ၅၇ ဉီးပါ လှေတစ်စင်းဟာ ဒေသခံအသိုင်းအဝိုင်းမှ အဖွဲ့ဝင် တွေရဲ့ကူညီမှုနဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်ကို ရောက်ရှိလာခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာမှု အဖွဲ့အစည်း (IOM) က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ရိုဟင်ဂျာ ၂၃၀ တင်ဆောင်လာသော လှေနှစ်စင်း အာချေးပြည်နယ်ရှိ ကမ်းခြေတွေကို ဆိုက်ရောက်လာခဲ့သလို အိန္ဒိယသမုဒ္ဒရာအတွင်း မျောပါနေသော ရိုဟင်ဂျာ ၁၀၄ ဉီးကို သီရိလင်္ကာရေတပ်က ကယ်ဆယ်ခဲ့ပါတယ်။
ကိုးကား – Aljazeera
Ref; UN says 2022 among deadliest years for Rohingya at sea