ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၇ ရက်
တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် လက်ရှိ လေးလကြာ မဖြစ်မနေ စစ်မှုထမ်းဉ ပဒေကို သက်တမ်းတိုးတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို သမ္မတ ဆိုင်အင်ဝမ်က ဒီနေ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကြေညာလိုက်ပါတယ်။
မဖြစ်မနေ စစ်မှုထမ်းဉပဒေ သက်တမ်းတိုးတဲ့ကိစ္စကို ထိုင်ဝမ်ရဲ့ အလုံးစုံကာကွယ်ရေးစနစ်အပေါ် အစိုးရ ရဲ့ သုံးသပ်လေ့လာမှု တစ်စိတ်တစ်ပိုင်းအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနဲ့ အမျိုးသားလုံခြုံရေးကောင်စီတို့က ဆွေး နွေးခဲ့ပါတယ်။
အမျိုးသားတွေအတွက် မဖြစ်မနေ စစ်မှုထမ်းရတဲ့ဉပဒေကို လက်ရှိ လေးလမှ တစ်နှစ်အထိ သက်တမ်း တိုးမှာဖြစ်လို့ အစိုးရက အပြောင်းအလဲဖော်ဆောင်ဖို့ လွယ်ကူသွားမှာဖြစ်ပါတယ်။ စစ်မှုထမ်းဉပဒေသစ်က ၂၀၂၄ ခုနှစ်မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။
တရုတ်ပြည်တွင်းစစ်အပြီး ထိုင်ဝမ်အစိုးရကချမှတ်ခဲ့တဲ့ စစ်မှုထမ်းစနစ်အရ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ထိုင်ဝမ်အမျိုးသားတိုင်း စစ်တပ်မှာ နှစ်နှစ်မှ သုံးနှစ်အထိ တာဝန်ထမ်းဆောင်ရပါတယ်။
၁၉၉၆ ခုနှစ်နောက်ပိုင်း စစ်မှုထမ်းဉပဒေကို တစ်ဖြည်းဖြည်း သက်တမ်းလျှော့ချလာခဲ့ရာ ၂၀၀၈ ခုနှစ်မှာ စစ်မှုထမ်းရမယ့်နှစ်ကို တစ်နှစ်အထိ ရှိလာခဲ့ပါတယ်။
သမ္မတ မာယင်ကျိုးလက်ထက် ၂၀၀၈-၂၀၁၆ ခုနှစ်မှာ အစိုးရက စစ်တပ်ကို အပျော်တမ်းတပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့ပြီး စစ်မှုထမ်းသူတွေကို ထောက်ပံ့ရေးနယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။
လေးလကြာ စစ်မှုထမ်းကာလအတွင်း စစ်မှုထမ်းရသူတွေဟာ ငါးပတ်ကြာ တောတွင်းစခန်းတွေမှာ နေ ထိုင်ရပြီး ၁၁ ပတ်ကြာအထိ စစ်ဝတ်စုံဝတ်ဆင်ကာ အထူးလေ့ကျင့်မှု ပြုလုပ်ရပါတယ်။
ဖေဖော်ဝါရီလအတွင်း ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် စစ်မှုထမ်းဉပဒေ သက်တမ်းတိုးဖို့ လို မ လို ဆွေးနွေးမှုကို ဒီနှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – Taiwan News
Ref; President Tsai to announce decision on extending military service Tuesday