ဧရာဝတီတိုင်းမ်
(ဒီးမော့ဆို)၊ ဒီဇင်ဘာလ ၂၇ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲများကြောင့် ၁၀ လကျော်ကြာ စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများတွင် စားနပ်ရိက္ခာပြတ်လပ်နေကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။
ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ တပ်မ ၆၆ နှင့် KA၊KNDF၊PDF မဟာမိတ်တပ်များအကြား ထိတွေ့တိုက်ပွဲများကြောင့် နန်းမယ်ခုံကျေးရွာရှိ ဒေသခံရွာသား ၂၀၀၀ ကျော်မှာ ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ယနေ့အချိန်အထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“စစ်ရှောင်တွေက ရှောင်နေရတာ တစ်နှစ်နီးပါးရှိပြီ။ အခုထိလည်း နေရပ်ကိုပြန်လို့ မရသေးဘူး။ အစပိုင်ကတော့ထောက်ပံ့မှုတွေရတယ်။ ကျန်ခဲ့တဲ့ ၃ လပိုင်းလောက်ကစပြီမရတော့ဘူး။ အခုဒီစခန်းမှာ သက်ကြီးရွယ်အိုနဲ့မသန်စွမ်း ၈ ဦးရှိတယ်။ ကလေး၆၀ ကျော်ရှိပါတယ်။ သူတို့အတွက် အနွေးထည်၊ အစားအစားနဲ့ဆေးဝါးတွေလိုအပ်နေပါတယ်။ အခုဆို အလေ့ကျပေါက်နေတဲ့မြင်ခွာရွက်ပင်တွေပါစားနေကြရပါပြီ” ဟု ရွှေလင်းယုန်စစ်ရှောင်စခန်းသို့ ကျန်မာရေး စောင့်ရှောက်မှုပေးနေသည့် KNDF CDM DEPARTMENT အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒီမေားဆို ရွှေလင်ယုန်စစ်ရှောင်စခန်းတွင် လက်ရှိအချိန်၌ စစ်ရှောင်ဦးရေ ၂၀၀ နီးပါးရှိနေပြီး တိုက်ပွဲများကြောင့် ယနေ့အချိန်အထိ နေရပ်များသို့ မပြန်နိုင်သေးပဲ တဲထိုးရန်ပင်အခက်ခဲရှိနေကာ ကျန်းမာရေထိခိုက်မှုများလည်းဖြစ်နေကြောင်း KNDF CDM DEPARTMENT အဖွဲ့ထံမှသိရသည်။
ဓာတ်ပုံ – K C D ကျန်းမာရေးစောင့်ရှောက်မှု
#ဒီးမော့ဆို #စစ်ဘေးရှောင် #စားနပ်ရိက္ခာ #ပြတ်လပ်
#Ayeyarwaddy_Times