ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်

ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အမေရိကန်နိုင်ငံတစ်ဝန်း စံချိန်တင် အအေးလှိုင်းဖြတ်သန်းမှုကြောင့် ဆီးနှင်းထူထပ်စွာ ကျရောက်နေတယ်လို့ သိရပါတယ်။

အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ အအေးလှိုင်းဖြတ်သန်းမှုကြောင့် ပြည်သူတွေ အပြင်ကိုမထွက် ကြဖို့ မိုးလေဝသဌာနမှ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ မနေ့က တစ်မီတာခန့်ရှိတဲ့ ဆီးနှင်းထုကြောင့် လမ်းမကြီးတွေ က သွားလာလို့မရတော့ဘဲ ပြည်သူတွေ မော်တော်ကားတွေထဲ ပိတ်မိနေပါတယ်။

နယူးယောက်ပြည်နယ်မှာ အအေးလှိုင်း ဖြတ်သန်းမှုကြောင့် လက်ရှိအချိန်ထိ လူ ၁၂ ဉီးအထိ သေဆုံးခဲ့ပြီ လို့ သိရပါတယ်။

ရှည်လျားသော ဆောင်းမုန်တိုင်းကြောင့် အိုဟိုင်းယို၊ ကန်တပ်ကီနဲ့ ကော်လိုရာဒို အပါအဝင် ပြည်နယ်ရှစ် ခုမှာ လူ ၃၀ ဉီးထက်မနည်း သေဆုံးခဲ့ပြီလို့ အမေရိကန် မီဒီယာအချို့က ဖော်ပြကြပါတယ်။

ခရစ္စမတ် အားလပ်ရက်ရာသီအတွင်း ဆောင်းမုန်တိုင်း တိုက်ခတ်မှုက ခရီးသွားတွေအပြင် ပြည်သူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။

ဆီးနှင်းထူထပ်စွာကျရောက်တဲ့ ဆောင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့အ တွင်း လေကြောင်းခရီးစဉ် ၅၄၀၀ ကျော် ပယ်ဖျက်ခဲ့ရတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

ဓာတ်ပုံ -AP
ကိုးကား – NHK
Ref; Record cold wave in US kills at least 30