ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်

စစ်ကိုင်းမှ မုံရွာဘက်သို့ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီယာဥ် ၃ စီးကို မန္တလေး-မုံရွာလမ်းပိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်နှင့်အလ္လကပ္ပကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PKDF Myinmu တပ်ဖွဲ့ထံကသိရသည်။

စစ်ကောင်စီ ယာဥ် ၃ စီးကို ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ဝမ်းပြည့်နှင့်အလ္လကပ္ပကြားမှာ ၅ ကြိမ် မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကားများထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သားများ သေဆုံးမှုများခဲ့ကြောင်း PKDF Myinmu တပ်ဖွဲ့ဝင်များကပြောသည်။

“မနက်အစောပိုင်းမှာ ကျွန်တော်တို့ မိုင်း ၅ ကြိမ်တိုင်တိုင်မိုင်းဆွဲတိုက်ခဲ့တာပါ။ ကားသုံးစီး စလုံးမိုင်းစတွေထိမှန်ပြီး ဒီကောင်တွေ ဒဏ်ရာရတွေများသလို သေဆုံးမှုတွေလဲ များပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် နောက်ထပ် မစ်ရှင်တွေလဲ ထပ်ပြီးဖော်ဆောင်အုံးမှာပါ” လို့ Peoples knight Defense Force Myinmu တပ်ဖွဲ့မှ ဗိုလ်အေးချမ်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်ဆင်ရေးများ Peoples knight Defense Force Myinmu ( PKDF-MMU)နှင့်တူ People Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) တပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုများသော်လည်း နယ်မြေအခြေအနေအရ စုံစမ်းနေဆဲဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိ အခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့နိုင်ကြောင်း people’s knight Defense Force Myinmu တပ်ဖွဲ့ဝင်များကပြောသည်။