ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊အမြင့်မြို့ဟောင်း ချင်းတွင်းမြစ်ကမ်းဘေး ခြေလျင်စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ဒီဇင်ဘာလ ၂၄ ရက် မနက်၊ ၁၁နာရီခွဲဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အမြင့်မြို့ဟောင်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို စစ်အင်အားဖြည့်တင်းလာသည့် အင်အား ၃၀ ဝန်းကျင်စစ်ကြောင်းဖြစ်ပြီး ဒရုန်းဗုံဖြင့်တိုက်ခိုက်မှုကြောင့် ဗိုလ်အဆင့်ရှိ ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

“စကစတပ်သားအင်အား ၃၀ ဝန်းကျင်လောက်နဲ့ လက်နက်ခဲယမ်းတွေ အင်အားလာတိုးတာပါ ။ မုံရွာဘက်ကနေ လာတာပါ။ ကမ်းမှာ ကပ်ပြီးဆင်းကြတဲ့ အချိန်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ။ ဗိုလ် ၁ ယောက်ကနေရာမှာတင်သေပါတယ်။ နောက် ၁ ယောက်ကပြင်းထန်ဒဏ်ရာရတယ် ” ဟု မြောင်မြို့နယ်တော်လှန်ရေးတပ် (Myaung Revolution Army)မှ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

တိုက်ခိုက်မှုအပြီးတွင် အဆိုပါနေရာအနီးတဝိုက်အား စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် ပစ်ခတ်မှုတချို့ပြုလုပ်ခဲ့ပြီးနောက်သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ အလောင်းကို သယ်ဆောင်သွားသည်ဟု ၄င်းက ဆက်လက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မဟာမိတ်အဖွဲ့ဖြစ်သည့် စစ်ကိုင်းခရိုင်တပ်ရင်း(၅)- MRA နှင့်အတူ မုံရွာခရိုင်တပ်ရင်း(၁၂)တပ်ခွဲ ၄ တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အရေးတော်ပုံအောင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း PDF တာဝန်ရှိသူတစ်ဦးကပြောသည်။