ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ကော်ဘရာစစ်ကြောင်းနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် လွတ်မြောက်နယ်မြေရောက် မြန်မာနိုင်ငံသားများက ဘတ် ၁ သိန်း မြန်မာငွေကျပ် သိန်း ၆၀နီးပါးတန်ဖိုးရှိ ပစ္စည်းများ ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

” ခုက ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကပြင်းထန်နေတာလေ။ ကျေးရွာအချို့မှာလည်း စားဝတ်နေရေးအဆင်မပြေဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့တွေအနေဖြင့်တတ်နိုင်သလောက်လေးလှူဒါန်းပေးတာပါ” လို့ လွတ်မြောက်နယ်မြေရောက် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဆိုပါ ထောက်ပံ့ကူညီမှုတွင် တော်လှန်ရေးရဲဘော်များအတွက် ရိက္ခာခြောက်များ၊ မိုးကာများ ပါဝင်တယ်လို့ သွားရောက်ကူညီခဲ့သူတစ်ဦးထံမှ သိရပါတယ်။