ဧရာ၀တီတိုင်းမ်
(စစ်တွေ) ဒီဇင်ဘာလ ၂၅ ရက်

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ အရှိန်မြှင့်လုပ်နေပေမယ့် စစ်တပ်ကျောထော က်နောက်ခံကြံ့ခိုင်ရေးပါတီကလွှဲလို့ ရခိုင်မှာရှိတဲ့ တခြားသောပါတီတွေကတော့ ရွေးကော က်ပွဲကိစ္စ ပါတီတွင်းဆွေးနွေးမှုပင် မလုပ်ကြရသေးဘူးလို့ ပြောကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲအ တွက် ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်နေပြီး ရခိုင်ပြည်တွင်းမှာဆိုရင်လည်း အဖွဲ့ပေါင်းတစ်ထောင်ကျော်၊အဖွဲ့ဝင်ပေါင်းခြောက်ထောင်ကျော် အသုံးပြုပြီး ၂၀၂၃ ခု၊ဇန်နဝါရီ ၉ ရက်နေ့ကနေစလို့ အိမ် တိုင်ရာရောက် လူဦးစာရင်းကောက်ယူသွားမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ရခိုင်ပြည်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေမလုပ်ကြသေးသလို ရွေးကောက်ပွဲဝင်ပြိုင်၊မပြိုင်ဆိုတဲ့ကိစ္စနဲ့ပက်သက်လို့လည်း ပါတီတွင်း ဆွေးနွေးမှု တစ်စုံတစ်ရာပင် မရှိကြသေးဘူးလို့ ပြောကြပါတယ်။

ရခိုင်ပြည်တွင်း အင်အားအကြီးဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP)က ရွေးကောက်ပွဲကိစ္စ ဆွေးနွေးထားတာ တစ်ခုမှ မရှိသေးဘူးလို့ပြောပြီး နောက်ထပ် ရခိုင်ပါတီတစ်ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကတော့ စစ်ကောင်စီက လုပ်တဲ့ရွေးကောက်ပွဲမှာပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အစကတည်းက ဘယ်အာဏာရှင်နဲ့မှ ပူးပေါင်းပြီးတော့ မလုပ်ဘူးလို့ သ ဘောထားပေးထားတာရှိတယ်။ဒါကြောင့် အခုလာမယ့်ရွေးကောက်ပွဲမှာ ALD အနေနဲ့ ရွေးကောက်ပွဲဝင်မယ့်ဟာကို လုံး၀ အစီအ စဉ်လည်းမရှိဘူး။ ပြီးတော့ ပါတီထဲမှာလည်း ပြော ဆိုမှုတွေ မရှိဘူး။”လို့ ALD ပါတီ ပြောရေးဆို ခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။

ရွေးကောက်ပွဲတစ်ခုလုပ်မယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ မဲပေးပိုင်ခွင့်ရဖို့အ ရေးကြီးပြီး လက်ရှိတိုင်းပြည်မှာ အဲဒီလိုအခြေ အ နေမမြင်ရဘူးလို့ ANP ဥက္ကဌ ဦးသာထွန်းလှက သူရဲ့ပုဂ္ဂလိကအမြင်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော် မရှင်ရဲ့ အစည်းအဝေးတွေကို ပုံမှန်တက်ရောက်နေတဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦး ဆောင်ပါ တီ(AFP)ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သဘောထား၊ပြင်ဆင်မှုအခြေအနေကိုတော့ ပါတီတာဝန်ရှိသူတွေထံ ဆက်သွယ်လို့မရသေးတဲ့အတွက် မသိရသေးပါဘူး။

နောက်ထပ် ရခိုင်ပြည်အတွင်းမှာရှိတဲ့ ကမန်၊မြို၊ခမီစတဲ့ လူမျိုးစုပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပါတီတွင်း ဆွေးနွေးမှုတွေ မရှိသေးဘူးလို့ ဆိုကြပါတယ်။

“ရွေးကောက်ပွဲဝင်ဖို့တွေ၊ရွေးကောက်ပွဲဆိုင်ရာနဲ့ပက်သက်ပြီးတော့ လုပ်ရ၊ ကိုင်ရမယ့်ဟာတွေကို ငါတို့ ဘယ်လို လုပ်မလဲ၊ဆက်ပြီးလုပ်မလား၊သို့တ ည်းမဟုတ် ဘယ်လိုလုပ်မလဲဆိုတာတွေကို ဆွေးနွေးပြီးမှ အဖြေထုတ်နိုင် မယ်။အခု ဆွေးနွေးတာ မရှိသေးဘူး။ ”လို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူးချုပ် ဦးလေသာကျော်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အစည်းအ ဝေးတွေကို ယတက်ရောက်ခြင်းမရှိတဲ့ ကမန်အမျိုးသားတိုးတက်ရေးပါတီက လည်း ရွေးကောက်ပွဲကိစ္စ ပါတီတွင်း ဆုံးဖြတ်ချက် ဘာမှ မရှိသေးဘူးလို့ ဆိုပါတယ်။

မြိုတိုင်းရင်းသားပါတီအနေနဲ့လည်း အဲဒီလိုပဲ ပြင်ဆင်မှုမလုပ်သေးဘူးလို့ဆိုပြီး ရွေးကောက်ပွဲကျင်းပခဲ့ရင်တော့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

“ရခိုင်ပြည်နယ်အခြေအနေက နှစ်ဖက်လက်နက် ကိုင်တပ်ဖွဲ့အပေါ်မှာပဲ မူတည်တယ်။ တကယ်လို့ လုပ်ဖြစ်ရင်တော့ ပါတီအဖွဲ့အစည်းတစ်ခုက ဝင်မပြိုင်လို့မရပဲကို။ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် ဝင်ပြိုင်ဖို့တော့ အစီအစဉ်ရှိပါတယ်။ ပြင်ဆင်မှုတော့ မလုပ်ရသေးဘူး။” မြိုတိုင်းရင်းသားပါတီအတွင်း ရေးမှူး ဦးမင်းအောင်က ပြောပါတယ်။

အဲဒီလို ရခိုင်ပြည်တွင်းက နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲကိစ္စဆွေးနွေး၊ ပြင်ဆင်မှုတွေ မရှိသေးသလို ဒေသခံ ပြည်သူတွေကလည်း စစ်ကောင်စီက ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြဘူးလို့ ပြောကြပါ တယ်။

“ရွေးကောက်ပွဲကို စိတ်လည်းမဝင်စားပါဘူး။ ပါတီတွေကိုလည်း အား မကိုးဘူး။”လို့ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ် ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့တဲ့ ရသေ့တောင်မြို့နယ်မှ ဦးအေးကျော်က ပြောပါ တယ်။

ဒါပေမယ့် စစ်အရာရှိဟောင်းတွေနဲ့ တည်ထောင်ထားတဲ့ စစ်ကောင်စီ ကျောက်ထောက်နောက်ခံ ပြည်ထောင် စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ ရခိုင်ပြည်တွင်းရွေးကော က်ပွဲအတွက်‌ ပြင်ဆင်မှုတွေကို စလုပ်နေပြီလို့ ဆိုပါတယ်။

ပြီးခဲတဲ့အောက်တိုဘာလဆန်းပိုင်းက လုပ်ခဲ့တဲ့ ပါတီညီလာခံပြီးကတည်းက စပြီးတော့ ရွေး ကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးပါတီရဲ့ ရခိုင်ပြည်နယ် ဥက္ကဌဒေါက်တာစန်းရွှေက ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ တစ်ခုတည်းသော ထွက် ပေါက်အတွက် ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ နိုင်ငံရေးသမားတွေနဲ့ လေ့လာသူတွေက ထောက်ပြထားကြပါတယ်။

(ဓာတ်ပုံ-ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာတွေ့ရတဲ့စစ်တွေမြို့က မဲဆွယ်ပိုစတာတစ်ခု/BNA)

(ယခုသတင်းမှာ Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက် Border News Agency မှ သတင်းကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)