ဧရာဝတီတိုင်းမ်
(ကနီ)၊ ဒီဇင်ဘာလ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်၍ စစ်ကောင်စီ၏ရိက္ခာတင်သင်္ဘောများအား လုံခြုံရေးယူပေးသည့်စစ်ကြောင်းနှင့် ဒေသ ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ဟုမ္မလင်းဘက်သို့လေယာဉ်ဆီနှင့်လက်နက်ခဲယမ်းများပို့ဆောင်ရန်လာသည့်သင်္ဘော ၇ စီးကို လုံခြုံရေးယူပေးနေသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင် စီခြေလျင်စစ်ကြောင်းအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“တိုက်ပွဲတွေကတောက်လျှောက်ဖြစ်နေတာ၊ စစ်ကောင်စီရဲ့သင်္ဘောပေါ်မှာ လေယာဉ်ဆီနဲ့ရှမ်းနီတပ်ကိုထောက်ပံ့မယ့်လက်နက်ခဲယမ်းတွေပါတယ်၊ ခုချိန်က ချင်းတွင်းမြစ်ကရေခမ်းတော့ သူတို့ကိုလုံခြုံရေးယူပေးဖို့စစ်ကြောင်းထိုးလာတာ၊ ၁၇ ရက်နေ့မှာ သင်္ဘောအကြီးတွေမလာခင် စက်လှေတစ်စီးနဲ့ ကျောက်မှော်ရွာကိုစစ်ကြောင်းထိုးလာတယ်” ဟု ကျောက်လုံးကြီး KLGတပ်မဟာတာဝန်ရှိသူမှ ဧရာ ဝတီတိုင်းမ်ကိုပြောသည်။

ကျောက်မှော််ရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ချိန် ဒေသခံများအားကယ်ထုတ်လာသည့် နဂါးညီနောင်ပြောက်ကျား တပ်ဖွဲ့ဝင်၂ဦးမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ကကျည်ထိမှန်ကျဆုံးခဲ့မှုအပါအဝင် PDF ၄ ဦး နှင့်ဒေသခံ၂ ဦးကျဆုံးကာ စစ်ကောင်စီဘက်မှ ကျဆုံးမှုများလည်းရှိသည်ဟုဆိုသည်။

Exif_JPEG_420

“သူတို့အဲ့ဒီသင်္ဘောကိုကာကွယ်ဖို့ ချင်းတွင်းမြစ် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကိုစစ်ကြောင်းထိုးလာတာ၊ ဒေသခံတော်တော်များများစစ်ရှောင်နေရတယ်၊ ကမ်း နှစ်ဖက်လုံးကရွာတွေပေါင်းရင် ၂၀ ကျော်မယ်၊ စစ်ကြောင်းထိုးမီးရှို့ပြီး ရဲဘော် ၄ ဦးကျတယ်၊ ပြည်သူ ၂ ဦးသတ်ခံရတယ် ” ဟု ဆက်လက်ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်မှုများကြောင့် ဒီဇင်ဘာလ ၂၁ ရက်နေ့က မုံရွာ နမခ မှဂျက်ဖိုက်တာများဖြင့် လေကြောင်းပစ်ကူများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်းလည်းသိရသည်။

လက်ရှိတွင် တစ်ပတ်ကော်အကြာ နှစ်ဘက်တိုက်ပွဲများနှင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများကြောင့် ချင်းတွင်းမြစ်ကမ်းတလျှောက် မုဌောရွာ၊ ငါးဖျက်၊ ပန်းဆိုင်း၊ ရှမ်းမြောက်၊ မင်းကုန်း၊ ညောင်ပင်ကွင်း၊ ဝါးချောင်းလေး စသည့်ရွာများအပါအဝင် ရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံ သောင်းနှင့်ချီ၍စစ်ဘေးရှောင်နေကြကြောင်း ဒေသခံများထံကသိရသည်။
#Ayeyarwaddy_Times