
ဓာတ်ပုံ-ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်များ
ကိုကိုလေး/ဧရာဝတီတ်ိုင်းမ်
ဇူလိုင် ၅ ရက်
စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နဲ့ပတ်သက်သည့်နေရာအနှံ့အပြားကို ကျားသစ်နက်ပြောက်ကျားပူပေါင်းတပ်ဖွဲ့ကဇူလိုင်လ ၄ ရက်နေ့ ည ၇ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့လို့ ဗိုလ်အောင်ဒင်အဖွဲ့ဝင် တဦးသေဆုံးခဲ့တယ်လို့ကျားသစ်နက် တပ်ဖွဲ့ဝင်များထံကသိရပါတယ်။
“မနေ့က ည ၇နာရီဝန်းကျင်က ကျွန်တော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ အဖွဲ့တွေအားလုံး တိုက်ခိုက်ခဲ့တာပါ။ တစ်နာရီခွဲလောက်တော်ကြတယ်တိုက်ပွဲက။ ဗိုလ်အောင်ဒင် သီချင်းကို ဆောင်းဘောက်နဲ့ မြို့ပေါ်မှာဖွင့်ပြီး အမြဲတမ်း မိုက်ကြေးခွဲနေသော ဗိုလ်အောင်ဒင်အဖွဲ့မှ တစ်ယောက် သေခဲ့တယ် ထိခိုက်ဒဏ်ရာရရှိသူတွေလဲရှိကြတယ်” လို့ ကျားသစ်နက်တပ်ဖွဲ့မှာ ဗိုလ်ဥက္ကာက ဧရာ
ဝတီတိုင်းမ်ကို ပြောပါတယ်။
ထို့ပြင် ဇူလိုင်လ ၂ ရက်နေ့က ပုလဲမြို့နယ်၊ကံကြီးရွာအနီးတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်ကသေဆုံးခဲ့တဲ့ အရာရှိဗိုလ်တဦးရဲ့ ရုပ်အလောင်းကိုလည်း ရဟတ်ယာဥ် ၂ စီးနဲ့ စစ်ကောင်စီတပ်တွေက လာရောက်သယ်ဆောင်သွားပြီး တပ်တွင်းသတင်းပေး ပြောပြချက်အရသိရတယ် လို့ ကျားသစ်နက်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဆိုပါတိုက်ပွဲကို ပုလဲတပ်ရင်း(၄ )ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့ ၊ပုလဲတပ်ရင်း (၅ ) ဒေါင်းနက် ပြောက်ကျား တပ်ဖွဲ့တို့နှင့်အတူ၊ မဟာမိတ် တပ်ပေါင်းစုတွင်ပါဝင်သော မြိုင်မြို့နယ်မှ local pdf များ၊ပုလဲမြို့နယ် ဒေသခံ local pdf များပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့တပ်ပေါင်းစုဘက်က ထိခိုက်မှုတစုံတရာမရှ်ိပဲ ပြန်လည်ဆုတ်ခွာခဲ့နိုင်တယ်လို့ကျားသစ်နက်တပ်ဖွဲ့ဝင် တစ် ဦးက ဆက်လက်ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မေလကနေစတင်ပြီး ဒီကနေ့အချိန်ထိ စစ်ကောင်းစီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပိုမိုပြင်ထန်နေပြီး စစ်တပ်ရဲ့ထိုးစစ်ဆင်နေမှုကြောင့်ဒေသခံအများစုဟာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံက သိရှ်ိရပါတယ်။