ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်တဲ့ အစည်းအဝေးတစ်ရပ်မှာပါဝင်ဖို့ စိတ် ဝင်စားတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကို ထိုင်းနိုင်ငံက ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာလ ၂၂ ရက်မှာ ပြုလုပ်သွားမယ်လို့ ထိုင်းမီ ဒီယာတစ်ခုဖြစ်တဲ့ Thai PBS ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာ့အရေးရဲ့ သက်ရောက်မှုခံရတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား တရားဝင် အမြင်ချင်းဖလှယ်ဖို့ အ စည်းအဝေးကို ပြုလုပ်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Thai PBS က ဖော်ပြပါတယ်။

အစည်းအဝေးရဲ့ အန္တိမရည်မှန်းချက်က မြန်မာနိုင်ငံ နဂိုအခြေအနေပြန်လည်ရောက်ရှိဖို့နဲ့ မြန်မာပြည်သူ တွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးရေး ကြိုးပမ်းဖို့ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက မြန်မာ့အကျပ်အတည်းကို သွယ် ဝှိုက်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ အကျိုးသက်ရောက်မှုခံရတာကြောင့် အစည်းအဝေးကိုတက်ရောက်ဖို့ အတည်ပြုခဲ့ တယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

မကြာသေးမီကကျင်းပခဲ့တဲ့ အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေနဲ့ မတူတာက စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီး ဝဏ္ဏမောင်လွင်လည်း အစည်းအဝေးကို တက်ရောက်မယ်လို့ သိရပါတယ်။

နှစ်နိုင်ငံက နယ်နိမိတ်ချင်း ကီလိုမီတာ ၂၄၀၀ ကျော် ထိစပ်နေတာကြောင့် ထိုင်းနိုင်ငံက မြန်မာ့ပဋိပက္ခ ဖြေရှင်းရာမှာ တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်လိုပါတယ်။

အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူက ဘုံသဘောတူညီချက်ကိုလိုက်နာဖို့ အာ ဏာသိမ်းစစ်ကောင်စီကို တွန်းအားပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိုင်းနိုင်ငံကတော့ တိတ်ဆိတ်သော သံတမန်နည်း လမ်းနဲ့ ချည်းကပ်ခဲ့ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် ရက်စက်သော ဖြိုခွင်းမှုတွေ ဆက် လက်ပြုလုပ်ကာ မြန်မာနိုင်ငံရဲ့ မတည်မငြိမ်မှုက ထိုင်းနိုင်ငံကို သက်ရောက်စေခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းစစ်ကောင်စီကို သဘောထားတင်းမာစွာ အရေးယူမှုကိုမြင်တွေ့ဖို့ ခက်ခဲပေ မယ့် အာဆီယံအလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံကတော့ စစ်ကောင်စီကို တင်းတင်းမာမာ ထိတွေ့ဆက်ဆံ ဖွယ်ရှိပါတယ်။

ကိုးကား – The Diplomat
Ref; Thailand to Convene Regional Meeting on Myanmar Conflict