ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်

ဧရာဝတီတိုင်းမှာ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၇ ဦးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ်တွေ့ရှိမှု အများဆုံးကတော့ ပုသိမ်မြို့ကဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“ ဆေးရုံတက်ရမယ့်အခြေအနေရောက်မှ ရောက်လာတယ် ပြီးရင် အချိန်မလောက်တော့ သေသွားရတာမျိုးတွေတောင်ရှိတယ် ပြီးခဲ့တဲ့လကဆို ယ အားလုံးဆို ၁၀ ယောက်ကျော်မယ် ကိုဗစ်နဲ့​သေတာ”လို့ ပရဟိတအဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဆေးရုံကြီးတွေမှာ ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့တဲ့ လူနာတွေကို လူမှုကူညီရေးအဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်တွေက သဂြိုလ်ပေးခဲ့တာ ဖြစ်ပြီး ဘာသာခြားတွေနဲ့ နေအိမ်မှာ သေဆုံးခဲ့သူတွေမပါသေးဘူးလို့ ဆိုပါတယ်။

ကိုဗစ်ရောဂါ အများဆုံးတွေရှိထားတဲ့မြို့ကတော့ လူနာသစ် ၄ ဦးနဲ့ တိုင်းမြို့တော် ပုသိမ်မြို့ဖြစ်ပြီး ကျန်တဲ့မြို့နယ်တွေကတော့ မြောင်းမြမြို့မှာ ၂ ဦးနဲ့ ကျောင်းကုန်းမြို့မှာ ၁ ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းမှာ နိုဝင်ဘာလအတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁၀ ဦး ရှိတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

#ဧရာဝတီတိုင်း #ကိုဗစ် #အတည်ပြုလူနာ
#Ayeyarwaddy_Times