ဧရာဝတီတိုင်းမ်
(ထန်းတပင်)၊ ဒီဇင်ဘာလ ၂၀ ရက်

ပဲခူတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျီတော်ကျေးရွာ‌အုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ယနေ့ ဒီဇင်ဘာလ ၂၀ ရက် မနက် ၅ နာရီဝန်းကျင်တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ပစ်သတ်ခံရသူမှာ ကျီတော်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဌေးအောင် ဆိုသူဖြစ်ပြီး ၎င်းနေ အိမ်၌ရှိနေစဉ် ထန်းတပင်ပကဖ(ကျွဲရိုင်းအဖွဲ့)မှ နန်း‌ ထိုက်အောင်စစ်‌ဆင်ရေးအဖြစ် သေနတ်ဖြင့်ပစ် ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးအား စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်းက ခန့်အပ်ခဲ့ပြီး ၎င်း၏သားမက်မှာ ထားဝယ်မြို့အခြေ စိုက် ခမရ ၄၀၂ မှ ဗိုလ်ကြီးရဲဝင်းအောင်ဆိုသူဖြစ်ကာ သားမက်ဖြစ်သူဗိုလ်ကြီး အား ကိုးဖြင့် အာဏာပြနေသူတစ်ဦးဖြစ်သည်ဟုဆိုသည်။

“သူကစစ်ကောင်စီရဲ့လက်အောက်ခံအုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်တယ်၊ လက်နက်အားကိုး၊ သားမက်အားကိုးနဲ့ပြည်သူတွေအပေါ်အနိုင်ကျင့်တယ်၊ သူကသူ့နယ်မှာ‌ဆိုးတယ်ဆိုပြီးတော်တော်နာမည်ကြီးတယ်၊ သူ့ရဲ့သတင်းပေးတိုင်ကြားမှုကြောင့်နစ်နာခဲ့ရတဲ့ပြည်သူတွေရှိတယ်၊ သူရဲ့အနိုင်ကျင့်လုပ်ဆောင်မှု တွေများလာတာကြောင့်ရှင်းလင်းခဲ့ရတာဖြစ်တယ်” ဟု ပဲခူးတိုင်းသတင်းပြန်ကြားရေးတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ထန်းတပင်မြို့နယ်၊ကင်မွန်းချုံကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အောင်ဝင်းကို ထန်းတပင်PDF မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

#ထန်းတပင် #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #AyeyarwaddyTimes