ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊မုံရွာ-မန္တလေးလမ်းမ ကြီးပေါ်ရှိ ညောင်ပင်ဝန်းရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ်စစ်ရေးဂိတ်ကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက် မနက် ၇ နာရီဝန်းကျင်က PDF ပူးပေါင်းအဖွဲ့မှ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ညောင်ပင်ဝန်းရဲစခန်းရှေ့တွင် စစ်ဆေးရေးဂိတ်ချပြီး လမ်းသွားလမ်းလာများထံမှ ပိုက်ဆံကောက်ခံနေသည့်စစ်အုပ်စုဖြစ်ပြီး ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန်(စွန်)PDF အဖွဲ့မှ ပြောသည်။
“စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်နေချိန်မှာ အများပြည်သူ တွေရဲ့ ယာဥ်တွေက သွားလာနေကြတော့ ကျွန်တော် တို့အဖွဲ့တွေ ပြန်ဆုတ်ခဲ့ရတယ်ဗျ။ အဲဒါကြောင့် ထိ ခိုက်မှုကို မသိရဘူး။ အဲဒီဂိတ်က ဖြတ်သမျှကို ပိုက်ဆံတောင်းတာ။ သူတို့ကို ဘယ်နေရာဖြစ်ဖြစ်ရှင်းလင်းသွားမှာပါ”ဟု တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းညောင်ပင်ဝန်းရဲစခန်းသည် ဒေသခံတော်လှန် ရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏတိုက်ခိုက်မှုကို ခံရပြီး သေဆုံးမှုများလည်းရှိသည်။
အဆိုပါစစ်ဆင်ရေးကို စစ်ကိုင်းခရိုင် တပ်ရင်း ၃၊ တပ်ရင်း ၈၊ တိုက်နယ်စွန်(စွန်) PDF၊ ငါန်းဇွန်မြို့နယ် ပ.က.ဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။