ဧရာဝတီတိုင်းမ်
(ရေး)၊ ဒီဇင်ဘာလ ၂၀ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စစ်ကောင်စီတပ် ခမရ ၅၈၆ တပ်ရင်းအား ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် YE ဘီလူးအဖွဲ့မှ RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေးမြို့အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉) လက်အောက်ခံ ခမရ ၅၈၆ တပ်ရင်းဂိတ်ပေါက်အား RPGဖြင့်ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့်ဘန်ကာအတွင်းဝင်ရောက်စီး နင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းရေးဘီလူးအဖွဲ့ကပြောသည်။

“တပ်ရဲ့ဘန်ကာထဲကို RPGနဲ့ပစ်တယ်၊ ပစ်တော့ဘန် ကာလဲပြိုသွားတယ်၊ ဘန်ကာထဲမှာ‌တော့ ၇ ယောက်လောက်ရှိမယ်၊ တပ်ထဲကအင်အားနည်းနေတာ၊ RPG နဲ့ပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့လည်းဝင်ပစ်တယ်၊ ကျွန်တော်တို့ဘက်ကအကောင်းဆုံးဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှပြန်လည်ပစ် ခတ်ချိန်မရဘဲ YEဘီးလူးအဖွဲ့မှလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

ရေးမြို့အခြေစိုက် စကခ ၁၉ နှင့်လက်အောက်ခံတပ် ရင်းများသည် ရခိုင်ပြည်နယ်နှင့် ချင်၊ပလက်ဝဒေသတွင် တိုက်ခိုက်ရေးဝင်ရောက်နေတာဖြစ်ပြီး နောက် တန်းရှိနောက်ချန် အင်အားမှာနည်းပါးနေကြောင်းလည်း သိရသည်။

YEဘီလူးအဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်တွင်လည်း ရေးမြို့နယ်အခြေစိုက် အမြှောက်တပ် (အမတ၃၁၆) လိုင်းခန်းအား ၄၀ မမများဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အများအပြားဒဏ်ရာရခဲ့ကြောင်း သိရပါသည်။
#Ayeyarwaddy_Times