ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက် ပုံတောင် TIGER PDF မှ ပြည်သူတွေလှုဒါန်းမှုနဲ့ ဇွန်လအတွင်းထုတ်လုပ်ခဲ့တဲ့ လက်နက်ကြီးပြောင်းရှည် (၂)လက်အပါအဝင် လက်နက်တွေကို ထုတ်ဖော်ပြသလိုက်တယ်လို့ ပုံတောင် TIGER PDF ထံကသိရသည်။

ပြည်သူများလှူဒါန်းမှုနဲ့ ရရှိခဲ့တဲ့ ငွေကြေးနဲ့လိုအပ်တဲ့စက်ကိရိယာနဲ့ပစ္စည်းတွေဝယ်ယူပြီး လက် နက်ကြီးပြောင်းရှည်(၂)လက်နဲ့ အဖူး(၉၄)ဖူး၊ စလစ်(၁၁)လုံး၊ ရှေ့ ထွက်(၁၄)လုံး၊ အတွဲလိုက်ရှော့ဒုံး(၁)လက်နဲ့ အဖူး(၂၇)ဖူးတို့ကို ပုံတောင် TIGER PDFရဲ့ တပ်ရင်း(၁)၊တပ်ခွဲ-၂က ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ပုံတောင် TIGER PDF ကဆိုပါတယ်။

မိမိတို့အနေဖြင့် လက်နက်အသစ်အဆန်းတွေကြိုးစားထုတ်လုပ်နေတာကြောင့် ပြည်သူများအနေဖြင့် တတ်နိုင်သ၍ ပါဝင်ကူညီကြဖို့ တိုက်တွန်းထားတယ်လို့လည်း ပုံတောင် TIGER PDFက ပြောပါတယ်။

ဓာတ်ပုံ-ပုံတောင် TIGER PDF