ဧရာတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျားသစ်နက်တပ်မတော် B.L.P.A မှ တိုက်ပွဲပေါင်း ၅၆ ပွဲဖော်ဆောင်နှိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ပျူ ၂၁၅ ရှင်းလင်းနိုင်ခဲ့ကာ ကျားသစ်နက်တပ်ဖွဲ့မှ ရဲဘော် ၁၀ ဦးကျဆုံး ရဲဘော် ၁၁ ဦးကျဆုံး ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်ထံကသိရသည်။
၂၀၂၂ နှစ် ဦး ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တပ်စိတ်မှူး သန့်ဇင်ဦး ကျဆုံးခဲ့ပြီး ဖေဖေါ်ဝါရီ ၁၀ ရက်တွင် တောင်ယမားတိုက်ပွဲတွင်ရဲဘော်ချစ်မိုးဒီ ၊စိုင်းကို၊ထက်မင်းလွင်၊ချစ်စန်းမောင် တ်ို့ကျဆုံးခဲ့ကာ မတ်လ ၂၈ ရက် နေ့မှာ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းကိုဝင်ရောက်စီးနင်းခဲ့စဉ် ရဲဘော်ရဲဝင့်သူ၊ ရဲဘော်ငှက်ကြီး တို့ကျဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်မတော်ထံကသိရသည်။
ထို့အပြင် ဩဂုတ်လ ၅ ရက်နေ့မှာ မြိုင်မြို့နယ် သံဘိုကြီးကျေးရွာ တိုက်ပွဲတွင်လည်း ရဲဘော်နှင်းလွင်ဦး၊ ရန်ပိုင်စိုး၊ မောင်ချဲ့ တို့ကျဆုံးခဲ့ပြီး လက်ပြတ် ဒဏ်ရာရ ရဲဘော် ၄ ဦး၊ ဝမ်းဗိုက်ဒဏ်ရာရ ၄ဦး၊ ဦးခေါင်းဒဏ်ရာရ ၁ဦး၊ မျက်စိဒဏ်ရာရ ၂ ဦး၊ စုစုပေါင်း ဒဏ်ရာရ ၁၁ ဦး အထိရှိခဲ့ကြောင်း ကျားသစ်နက်တပ်မတော် တပ်ဖွဲ့ဝင်များကပြောသည်။
“လက်နက်လိုအပ်ချက်တွေအများကြီးရှိနေပေမယ့် ကျွန်တော်တို့အနေနဲ့ ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ရပေမယ့် စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားတိုက်ပွဲဝင်လျှက်ရှိပါတယ်။ လက်ရှိ အခြေနေမှာ တပ်ရင်း(၃)ရင်းဖွဲ့စည်းနိုင်သည် အထိအောင်မြင်မှု ရရှိခဲ့ပါတယ်။ ကျားသစ်နက်ရဲဘော်များမှ အရိုးကျေကျေ အရေခမ်းခမ်းတိုက်ပွဲဝင်သွားကြမည်လို့ သစ္စာဆိုထားကြပါတယ်” ဟု
ကျားသစ်နက်တပ်မတော် BLPA ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရှေ့လာမည့်နှစ်သစ်တွင်လည် တီထွင်ကြံဆမှုအသစ်၊ နည်းပညာအသစ်များနှင့် သွေးသစ်လောင်းကာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ညွှန်ကြားချက်မျာအတိုင်း လိုက်နာကျင့်သုံးကာ ပြည်သူ့အာဏာပြည်သူ့ထံသို ပြန်လည်ရောက်ရှိချိန်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျားသစ်နက်တပ်မတော်မှ ရဲဘော်များက ကတိပြုပြောဆိုထားသည်။
ဓာတ်ပုံ-ကျားသစ်နက်တပ်မတော် B.L.P.A
#ကျားသစ်နက် #တိုက်ပွဲ #စစ်ကောင်စီ #ပျူစောထီး #သေဆုံး
#Ayeyarwaddy_Times