ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၄ ရက်
မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်တွင်စစ်ကောင် စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးယမန်နေ့ ဒီဇင်ဘာ လ ၁၃ ရက် ညနေ ၅နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်သတ်ခံရသူမှာ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးစိန်ဝင်းဆိုသူဖြစ်ပြီး လမ်း ၈၀ နှင့် ၃၆ လမ်းကြားရှိ ၄င်း၏နေ အိမ်တွင် ဖွင့်လှစ်ထားသည့် မာလာဟင်းဆိုင်၌ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။
“ဆိုင်မှာ ဝိုင်းလုပ်နေတုန်း လူနှစ်ယောက်ဆိုင်ကယ်နဲ့ ရောက်လာပြီး ပစ်သွားတာ။ သူထွက်လာတာကိုစောင့်နေတဲ့ပုံပဲ။ ခေါင်းကိုပဲပစ်သွားတာဆိုတော့ အဲဒီနေရာတင် သေတယ်။ သူ့ကြောင့်ဖမ်းဆီးသတ်ဖြတ်ခံရတာတွေက မနည်းဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသက် ၆၅ နှစ်အရွယ်ရှိ စိန်ဝင်းဆိုသူကို မန္တလေး မြို့ပြပျောက်ကျားတပ်ဖွဲ့ Special Task Force (STF-MDY) အဖွဲ့မှ အသိုက်ကိုဖျက်ရင် အသက်ကိုပြန်ယူမယ် စစ်ဆင် ရေးအဖြစ် ရှင်းလင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး မာလာဟင်းစားရန်နေအိမ်ရှေ့ ထွက်လာချိန်အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း STF- MDY တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြော သည်။
STF-MDYတာဝန်ရှိသူတစ်ဦးမှ “နေအိမ်နဲ့တွဲဖွင့်ထား တဲ့ စစ်ကောင်စီသစ္စာခံအုပ်ကြီးက မာလာဟင်း စားဖို့အရှေ့ကို ထွက်လာချိန်မှာ နှုတ်ခမ်းနီတစ်ထောင့်နဲ့ Head shot ပစ်ပြီး ရှင်းလင်းခဲ့တာပါ”ဟု ဆိုသည်။
မန္တလေးတိုင်းအတွင်းရှိ မဟာအောင်မြေမြို့နယ်အပါ အဝင် မြို့နယ်အသီးသီးရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများကို စစ်ကောင်စီမှ လက်နက်များပေးထားကာ မဘသအဖွဲ့ဝင်များနှင့်ကြံ့ခိုင်ရေးပါတီဝင်များကိုလည်း ပျူစောထီးအဖွဲ့နှင့် သွေး သောက်တပ်ဖွဲ့ဟူ၍ ဖွဲ့စည်းစေပြီး NLD ပါတီဝင်များ နှင့် ၎င်းတို့ မသင်္ကာသူများကိုဖမ်းဆီးသတ်ဖြတ်မှု များလည်းလုပ်ဆောင်နေကြောင်း သိရသည်။
#မန္တလေး #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #AyeyarwaddyTimes