ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကျေးရွာများအား မီးရှို့စစ်ကြောင်းထိုးကာပြန်လာသည့် ပြစစ်ကောင်စီတပ်သားများစီးနင်းလာသည့် ရေယာဉ်တစ်စီးအား ချင်းတွင်းမြစ်ကြောင်းတစ်နေရာတွင် တစ်ဖက်ပွင့်မိုင်း ၆ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine PDFမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်၊ ထစဥ်၊ဆားထုံး၊ရွာသစ်၊လက်ပံကျွန်း၊တောကျောင်း ​ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်၍ နေအိမ်များအားမီးရှို့ခြင်း၊ဖမ်းဆီးနှိပ်စက်ခြင်း၊ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်ဖျက်စီးခြင်းများပြုလုပ်၍ ပြည်သူပိုင် ရေယာဥ်တစ်စီးအား အတင်းအဓမ္မယူဆောင်ပြီး မုံရွာ(န.မ.ခ) သို့ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ခန့်မှန်းအင်အားကတော့ ၉၇ ယောက်ရှိမယ်ထင်ရတယ်။ စစ်ကြောင်းထိုးပြီးရေကြောင်းကနေပြန်ဆုတ်တာ။ သူတို့ဘက် ၆၀မမ နဲ့ Ba 100 တွေသုံးတာတွေ့တယ်ဗျ။ စစ်ကောင်စီဘက်ကနေ ပြန်ပစ်တာတွေကြောင့် သူတို့ဘက်ကထိခိုက်မှုကိုအတိအျမသိရဘူး။ မြစ်ကြောင်းတလျှောက်ရွာတွေကို ရမ်းပစ်တာတွေရှိပါတယ်” ဟု Monywa Peregrine PDF၏ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား Monywa Peregrine PDF
ဗန္ဓုလနှင့်အဖွဲ့သားများ၊ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဇာမဏီ People Defence Force ZPDF၊ မုံရွာ ခရိုင် တပ်ရင်း၁ MPDF၊ ရပ်/ ကျေး ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အမဲလိုက်သိမ်းငှက်မုံရွာသည် ဒီဇင်ဘာလ ၅ ရက်ကလည်း တောပုပျူစောထီးရွာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ အဆောက်အအုံအများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

#ဆားလင်းကြီး #စစ်ကောင်စီ #ရေယာဥ် #မိုင်းဆွဲတိုက်ခိုက်
#Ayeyarwaddy_Times