ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုကျေးရွာ စံပြစျေးကို စျေးဝယ်လာတဲ့ ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားတပ်မတော် (SNA) က အဝင်ဂိတ်ကြေး မပေးဆောင်လို့ဆိုပြီး ထိုင်ထအခါ ၁၀၀ လုပ်ခိုင်းပြီး ထိုးကြိတ်ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တွေဟာ နောင်ပိုအောင်စံပြကျေးရွာ စာသင်ကျောင်းရှေ့မှာ တပ်စွဲထားပြီး အနီးတဝိုက်နယ်တွေကနေ စျေးဝယ်တက်လာတဲ့ ဒေသခံတွေကို အဝင်ဂိတ်ကြေးပေးပြီးမှ ဝင်ခွင့်ပြုတယ်လို့ ဒေသခံတွေကပြောပါတယ်။

“စာသင်ကျောင်းရှေ့အဝင်မှာ စစ်တပ်နဲ့ရှမ်းနီတပ်တွေ ပူးပေါင်းပြီး ဘန်ကာတွေကို သဲအိပ်တွေနဲ့လုပ်ထားတဲ့ အဝင်ဂိတ်ပါ။ စြေးသှားတဲ့သူတျိုငျး ဂိတ်ဖြတ်တာနဲ့ စစ်ဆေးတယ် အကြောင်းမဲ့ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမပေးရင် အဲ့ဂိတ်ကို ဖြတ်ခွင့်မပြုပဲ ထိုးကြိတ်လွတ်တာခံရသေးတယ်။ သူများနေရာတွေမှာလိုပဲ အဲဲ့ဒီဂိတ်ကိုဗုံးခွဲတိုက်ခိုက်စေချင်မိတယ်”လို့ ဒေသခံ အမျိုးသမီးတဦးက ဧရာဝတီတျိုငျးမျကို ပြောပါတယ်။

၎င်း စံပြကျေးရွာစျေးကို သဖန်းကုန်းရွာ၊ မာန်လုံရွာ၊ မိုးလင်းရွာတို့က လာရောက် စျေးဝယ်ကြတာဖြစ်ပြီး ဂိတ်ကြေး ၂၀၀၀၀ ဝန်းကျင်တောင်းပြီး မပေးနိုင်ရင် ထိုင်ထလုပ်ခိုင်းကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ကျူးလွန်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နောင်ပိုအောင်စံပြ ကျေးရွာလမ်းဟာ ပဲမခေါ့ရွာ၊ မှော်စိန်ရွာက ရွှေမျှော လုပ်ကိုင်သူတွေ စက်ပစ္စည်းဝယ်ယူဖို့ မကြာခဏသွားလာနေတဲ့လမ်းဖြစ်ပြီး စစ်ကောင် စီတပ်နဲ့ရှမ်းနီတပ်တွေက အဓမ္မခိုင်းစေမှုတွေပြုလုပ်နေတယ် လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ရှမ်းနီ(SNA)ပူးပေါင်းတပ်တွေဟာ KIAနဲ့ ဒေသကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုတွေအရ သိရပါတယ်။

#ရှမ်းနီ #SNA #Ayeyarwaddy_Times