ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊ ဒီဇင်ဘာလ ၉ ရက်
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ၆ ရပ်ကွက်တွင် ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ အင်အားသုံး ဖမ်းဆီးခြင်းခံရသည့် လင်မယား ၂ ဦးအား အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးအား ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အင်းစိန်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ခြင်းဖြစ်ပြီး သတ်မှတ်ရက်ထက် ၆ ရက်ခန့်စော၍ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
” အဖမ်းခံရတာတော့ ဘယ်နှစ်ယောက်ရှိလည်းမသိဘူး။ ကျွန်တော်တို့နားက တိုက်ခန်းအမှတ် ၁၄၇ အင်းဝလမ်း လမ်း၂၀က လင်မယား ၂ယောက်ကိုတော့ အောက်ကနေ သေနက်၃ ချက်ပစ်ခတ်ပြီး ဖမ်းဆီးသွားတာတွေ့တယ်။ သူတို့ကနယ်ကနေလာပြီး ရန်ကုန်မှာဆေးလာကုသနေကြတာ ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားလည်းတော့မသိဘူး” ဟု မျက်မြင်တွေ့ရှိရသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
၎င်းတို့ ၂ ဦး အနက် မအေးအေးမင်းမှာ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ ခံစားနေရသူဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ် ၆ ရပ်ကွက်တွင် တိုက်ခန်းငှား၍ ဆေးကုသနေစဥ် စစ်ကောင်စီတပ်များက ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အားသုံး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောဆိုချက်များအရ သိရသည်။
#တောင်ဥက္ကလာပ #စစ်ကောင်စီ #အင်းစိန်ထောင်တွင်းတရားရုံး #ထောင်ဒဏ်
#Ayeyarwaddy_Times