ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၇ ရက်

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အာဆီယံခေါင်းဆောင်တွေဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ဆိုးရွားလာတဲ့ အခြေအ နေနဲ့ပတ်သက်လို့ ထွက်ပေါက်မရှိသောအခြေအနေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။

တစ်ချိန်တည်းမှာဘဲ အခြားတိုင်းပြည်တွေက ခေါင်း ဆောင်တွေပါဝင်တဲ့ ဆက်စပ်အစည်းအဝေးတွေကို လည်း ပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအတွင်း မြန်မာစစ်တပ်က ဒီမိုကရေစီနည်းလမ်းတစ်ကျ ရွေး ကောက်ခံရတဲ့ အစိုးရထံမှ နိုင်ငံရေးအာဏာ လုယူခဲ့ပါတယ်။

အာဆီယံအဖွဲ့က ဒေသတွင်းခေါင်းဆောင်တွေ သဘော တူညီထားတဲ့ တူညီဆန္ဒငါးရပ်ကို ဖော်ဆောင်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်မှာ စစ်ကောင်စီက နိုင်ငံရေးအတိုက်အခံတွေအပေါ် အကြမ်းဖက်တာ ချက် ချင်းရပ်တန့်ဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား တွေ့ ဆုံဆွေးနွေးဖို့ တောင်းဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ အကန့် အသတ်နဲ့သာ တိုးတက်မှုရှိပြီး အချိန်မီ အပြည့်အဝ ဖော်ဆောင်မှု စစ်ကောင်စီရဲ့ ကတိကဝတ်ပျက်ကွက်မှုအပေါ် အလွန်အမင်း စိတ်ပျက်မိတယ်လို့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲဥက္ကဌရဲ့ ထုတ်ပြန်ချက်တစ်ရပ်က ဆိုပါတယ်။

မြန်မာစစ်ကောင်စီဟာ ပဋိပက္ခမှာ အဓိကပါဝင်နေတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် အာဆီယံဘုံသဘောတူညီ ချက်ကို ရှေ့ဆက်ဖော်ဆောင်လိုတဲ့ဆန္ဒ မရှိပါဘူး။

မြန်မာ့အရေးက အခြေအနေပိုဆိုးရွားလာခဲ့ပြီး မဖြေရှင်းဘဲထားမယ်ဆိုရင် မြန်မာနိုင်ငံဟာနိုင်ငံတကာ မျက်နှာစာ မှာ အထီးကျန်ဆန်လာနိုင်ပါတယ်။

စစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကြား တိုက်ပွဲတွေ ထပ်မံ ပြင်းထန်လာနိုင်ပြီး လက်ရှိအခြေအနေအရ မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာရဲ့ချည်းကပ်မှုက ပြန်လည်စဉ်းစားဖို့ လိုအပ်နေပါပြီ။

အာဏာသိမ်းစစ်ကောင်စီနဲ့ပတ်သက်သူတွေကို အရေးပါတဲ့ အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားပါတယ်။ အာဆီယံအဖွဲ့က စစ်ကောင် စီအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်မယ့်ခြေလှမ်းတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ့အရေးဖြေရှင်းရာမှာဒေသတွင်း အင်အား ကြီးနိုင်ငံတစ်ခုဖြစ်သလို ဒီမိုကရေစီတိုင်းပြည်တစ်ခု ဖြစ်တဲ့ အင်ဒိုနီးရှားက အရေးပါတဲ့ခေါင်းဆောင်မှုကနေ ပါဝင်မယ်လို့ အများစုက မျှော်လင့်နေကြပါတယ်။

မြန်မာ့ နိုင်ငံရေးအကျပ်အတည်းလိုမျိုး ဒေသတွင်းပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့က ဉီး စားပေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်နေယုံနဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ အာဏာ သိမ်းစစ်ကောင်စီရဲ့ ကတိကဝတ်တွေက စိတ်ပျက်ဖွယ်ရာဖြစ်ပါတယ်။
ကိုးကား – Japan Forward
Ref; ASEAN Needs to Take Steps to Resolve the Myanmar Crisis