ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်
အာဆီယံအလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံက သူ့ရဲ့ဥက္ကဌသက်တမ်းအတွင်း အာဆီယံဒေသကို ပြန်လည်သက်ဝင်လာစေမယ်လို့ ကြီးမားသော မျှော်မှန်းချက်တွေ ထားရှိပေမယ့် မြန်မာနဲ့ တောင်တရုတ်ပင် လယ်အရေးလိုမျိုး ပဋိပက္ခတွေက ဖြေရှင်းရခက်ခဲနေအုံးမယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဌသစ်အနေနဲ့ ၂၀၂၃ ခုနှစ်မှာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ ပါဝင်မှုနဲ့ စီးပွားရေး ခိုင်မာမှုကို အလေးထားဆောင်ရွက်မယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါ တယ်။
အင်ဒိုနီးရှားနိုင်ငံက သူ့ရဲ့ သြဇာအာဏာ၊ အာဆီယံနိုင်ငံတွေနဲ့ ခိုင်မာသော စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း အစ္စမေးလ်ဆာဘာရီယာကော့ဗ်က သြဂုတ်လအတွင်း ပြောကြားခဲ့ဖူးပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင် လယ် ပိုင်နက်နယ်မြေအငြင်းပွားမှုက ဖြေရှင်းရခက်ခဲမယ်လို့ စင်ကာပူအခြေစိုက် S. Rajaratham နိုင်ငံတကာလေ့လာရေးကျောင်းမှ အကြီးတန်းပညာရှင် ဂျက်ဖာ ဆင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ သက်ဆိုင်သူအားလုံးပါဝင်သော ဆွေးနွေးမှုတွေပြုလုပ်ဖို့ အာဆီယံအဖွဲ့က တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ဥပက္ခာပြုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိပေမယ့် ခေါင်းဆောင်တွေက တူညီဆန္ဒငါးရပ်အဖြစ် လူသိများ တဲ့ ငြိမ်းချမ်းရေးစီမံချက် ဖော်ဆောင်ရေး အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ဖို့ အာဆီယံထိပ်သီးဆွေးနွေးပွဲက ထပ် လောင်းအတည်ပြုခဲ့တယ်လို့ ဂျက်ဖာဆင်က ပြောပါတယ်။
“အာဏာသိမ်းစစ်ကောင်စီက အာဆီယံနိုင်ငံတွေရဲ့ အကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းချက်တွေကို က ဖျက်ယဖျက်လုပ်နိုင်မှာမဟုတ်ဖူးလို့ ကျွန်တော် သတိကြီးစွာထားပြီး အကောင်းမြင်ပါတယ်” လို့ သူက ဆိုပါ တယ်။
မြန်မာအာဏာသိမ်းမှုနဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် အားနည်းပြီး စည်းလုံးမှုမရှိဘူးလို့ ရှုမြင် ခံနေရတဲ့ အာဆီယံအဖွဲ့ကို အားကောင်းမောင်းသန်ပြန်ဖြစ်လာစေဖို့ အလှည့်ကျဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက ကြိုးပမ်းနိုင်မဲ့ အခွင့်အလမ်းကောင်းတစ်ရပ် ရှိနေပါတယ်။
ကိုးကား – South China Morning Post
Ref; Asean chair Indonesia’s ‘strategic heft’ unlikely to move the needle on Myanmar conflict, South China Sea issues