ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်
ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ဝေါမြို့ ကန်တော်ရပ်ကွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် ဗုံးခွဲတိုက်ခဲ့ကြောင်း BAGO PDF ထံကသိရသည်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့် အုပ်ချုပ်ရေးမှူးရုံး အဆောက် အဦ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုအား နန်းထိုက်အောင်စစ်ဆင် ရေးအဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဝေါမြို့နယ် ပကဖ နှင့်အတူ UG တော်လှန်ရေးရဲဘော်များ ပူးပေါင်း၍ လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ရေတာရှည်မြို့နယ်အတွင်း ကင်းစောင့်ရန်လာသောစစ်ကောင်စီတပ်ဖွဲ့ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – BAGOPDF
#ပဲခူး #ဝေါ #ကန်တော်ရပ်ကွက် #အုပ်ချုပ်ရေးရုံး Ayeyarwaddy_Times