ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ တက်မရေနံမှော်အတွင်းရှိ ဘီယာဆိုင်တစ်ခု၌ ဘီယာထိုင်သောက်နေသည့် ရဲများကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (တပ်ဖွဲ့ -၂) မှ ဒီဇင်ဘာလ ၁ ရက်နေ့က တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ရဲ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မစ်ရှင်အား ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ အချိန် ၁ လကျော်ကြာပြင်ဆင်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး PDF များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲ ၅ ဦး သေဆုံးခဲ့ပြီး ရဲ ၁ ဦးမှာ ထွက်ပြေးလွှတ်မြောက်သွားခကြောင်း သိရသည်။

“ပြည်သူကို မတရားအခွန်ကောက်ခြင်း၊ လက်နတ်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ မတရားဥပဒေများဖြင့် ပြည်သူကို ဖိနှိပ် နှိပ်စက်နေသော ညောင်ဦးမြို့နယ် စဥ့်ကူရဲစခန်းမှ စခန်းမှူးအပါအဝင် ရခ ငါးကောင်တို့အား တက်မမှော်အတွင်းရှိ ဘီယာဆိုင်တစ်ခုတွင် ကျွန်ုပ်တို့ ပခုက္ကူမြို့ပြပြောက်ကျား တပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ကွန်မန်ဒို ရဲဘော်လေးယောက်ဖြစ်သော ရဲဘော်ဒီး၊ရဲဘော်ပုဂံကြီး၊ရဲဘော်ပုဂံလေးနှင့်ရဲဘော်king တို့မှ ဝင်ရောက် ရှင်းလင်းခဲ့ပါသည်။ ထိုတိုက်ပွဲမှ ပုံပါအတိုင်း G3 နှစ်လက်နှင့်အူဇီတစ်လက် သိမ်းဆည်းရရှိခဲ့ပါသည်။ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ-၁ မှ သတင်းအချက်အလက် ထောက်လှမ်းပေးမှုနှင့်အတူ အချိန်တစ်လကျော်ကြာပြင်ဆင်ခဲ့ရပါတယ်။ ထိုဖြစ်စဥ်အတွင်း ကျွန်ုပ်တို့ဘက်မှ ရဲဘော်တစ်ဦးပေါင်ကို ကျည်ထိမှန်ခဲ့သော်လည်း မိဘပြည်သူများမေတ္တာကြောင့် အသက်အန္တရယ်မစိုးရိမ်ရပါခင်ဗျ”ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ တာဝန်ခံ ဗိုလ်ရန်နောင်က ပြောသည်။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (တပ်ဖွဲ့ – ၂) တပ်ဖွဲ့မှာ စစ်ကောင်စီနှင့်တိုက်ရသည့် တိုက်ပွဲများပြားသည့် အတွက် အကြွေးသိန်း ၂၀၀ နီးပါးရှိနေပြီး တိုက်ပွဲဝင်ရန်အတွက် ကျည်ဆံမလုံလောက်မှုများ ဖြစ်ပေါ်နေသည့် အတွက် ပြည်သူများ ဝိုင်းဝန်းလှူဒါန်းပေးကြရန် မေတ္တာရပ်ခံထားသည်။

#ညောင့ဦး #ဘီယာဆိုင် #စခန်းမှူး #ရှင်းလင်း #PDF #Ayeyarwaddy_Times