ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စက်တင်ဘာလ မှ နိုဝင်ဘာလ ၃ လအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ၁၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း CNO/CNDF မှ ယမန်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၇ ဦးသေဆုံးပြီး ၃ဦးထက်မနည်း ဒဏ်ရာရရှိကာ CNDF တပ်ဖွဲ့မှ အကျအဆုံႈမရှိခဲ့သော်လည်း ရဲဘော် ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ပြီးခဲ့တဲ့ တိုက်ပွဲအတွင်း စကစတို့ဖမ်ႈဆီႈခေါ်သွားတဲ့ ဘွလ်သဲရွာက စိတ်မနှံ့တဲ့အမျိုးသမီးကို ခုထိရှာမတွေ့သေးဘူး။ ဆက်လက်ပြီးတော့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ချေရှိပါတယ်” ဟု CNO/CNDFတပ်ဖွဲ့မှာ တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းများအသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် သာလွန်အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ပစ်ခတ်သော အမျိုးအမည်မသိလက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်၊ သီးဘွာလ်ရှိ နေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး ဘွာလ်သဲရွာမှ စိတ်မနံ့သူအမျိုးသားတစ်ဦး သတ်ဖြတ်ခံရကာ စိတ်မနံ့သူအမျိုးသမီးတဦးလည်း ဖမ်းဆီးခေါင်ဆောင်ခံရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖလမ်းမြို့နယ် သီးဘွာလ်စခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်မှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ အနီးအနားရှိ စတောမ်ရွာ၊ သီးဘွလ်ရွာနင့် ဘွာလ်သဲရွာတို့မှ ပြည်သူများသည် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် ၎င်းတို့အားလုံးမှာ နေရပ်မပြန်နိုင်သေးကြောင်း CNDFထံမှ သိရသည်။

#CNDF #စစ်ကောင်စီ #တိုက်ပွဲ #သေဆုံး
#Ayeyarwaddy_Times