ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃၀ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ အုံကြွမှုတွေဖြစ်နေစဉ် တိုင်းပြည် တွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ပြန်လည်ရရှိစေမယ့် ဘုံသဘောတူညီချက်ငါးရပ်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေက ၂၀၂၁ ခုနှစ် ဧပြီလမှကျင်းပတဲ့ အထူးထိပ်သီးဆွေးနွေးပွဲတစ်ခုမှာ သဘောတူညီခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာပြုလုပ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း အာဆီယံခေါင်းဆောင်တွေက ဘုံသဘောတူညီချက်ကို ထပ်လောင်းအတည်ပြုကာ သတ်မှတ် အချိန်ကာလအတွင်း လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ဖို့ အတည်ပြုခဲ့ပါတယ်။ ဖနောင်ပင် ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ ဘုံသဘောတူညီချက်ငါးရပ်ကို ပြင်ဆင်မယ် သို့မဟုတ် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ထုတ်ပယ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် အပြည့်အဝ ဖော်ဆောင် ရေး ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ကြိုဆိုခဲ့ပါတယ်။ အာဏာ သိမ်းစစ်ကောင်စီဟာ အရင်က သူ့ရဲ့အုပ်ချုပ်မှုကို လက်နက်ကိုင်ဆန့်ကျင်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ တိုင်းရင်းသားနယ်မြေတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းရှိ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပုံမှန် ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၃ ရက်မှာ မြန်မာစစ်တပ်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာရှိ ဂီတဖျော် ဖြေပွဲတစ်ခုကို လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ရာ လူ ၆၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိ ခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဉ်တွေက စက်တင်ဘာလ ၁၆ ရက်မှာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းတစ်ကျောင်းကို တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁၁ ဉီး သေဆုံး ပြီး ၁၅ ဉီးဝန်းကျင် ပျောက်ဆုံးနေပဲလို့ UNICEF ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ချမှတ်ထားလင့်ကစား ဒါတွေက မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၁ လအတွင်း အာဏာသိမ်းစစ်ကောင်စီက လူပေါင်း ၃၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ NUG က ပြောပြီး အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ သတ်ဖြတ်ခံရတဲ့ အရပ်သား ၂၃၃၈ ဉီးရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

အာဏာသိမ်းမှုကြောင့် ပြည်သူ တစ်သန်းနီးပါး အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီး (UNHCR) ရုံးက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေအိမ်နဲ့ အဆောက်အအုံ ၃၆၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင် စတီကျု့ (ISP-Myanmar) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ တိုင်းရင်းသားဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်မဲ့ အရပ် သားတွေကို သတ်ဖြတ်တာတွေနဲ့ အတိုက်အခံတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ပယ်ချမှုတွေကြောင့် စစ်ကောင်စီဟာ နိုင်ငံ ရေး ဆွေးနွေးမှုမဟုတ်ဘဲ စစ်ရေးအရသာ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ ယူဆချက်တွေ ရှိလာစေပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ကို အတိုက်အခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ပြုဖို့ စစ်ကောင်စီက ငြင်းဆန်ခြင်းကလည်း ဒီ ယူဆချက်ကို ပိုမို ခိုင်မာလာစေပါတယ်။

နိုင်ငံရေး ကစဉ့်ကလျားဆက်လက်ဖြစ်နေတာ၊ ပြည်သူတွေ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရတာနဲ့ စီးပွားရေးပြိုလဲမှုတွေက မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကျပ်အတည်းတစ်ရပ်ဆီ တွန်းပို့နေပါတယ်။ စစ် တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူ ၁ ဒသမ ၁ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ပြည်သူ ၁၅ ဒသမ ၂ သန်းက စားနပ်ရိက္ခာ မဖူလုံမှုကို ရင်ဆိုင်နေရပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ တူညီဆန္ဒငါးရပ်မှာ ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ကစဉ့်ကလျားအခြေအနေနဲ့ လက်နက်ကိုင်ပဋိပက္ခက လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရာမှာ အတားအဆီးတစ်ခုဖြစ်နိုင်ပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်တွေက အိမ် နီးချင်းတိုင်းပြည်တွေမှာ ခိုလှုံနေရတာကြောင့် ဒီဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်တဲ့စွမ်းရည် အာဆီယံအဖွဲ့မှာ ရှိနေပါတယ်။

ထောင်နဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေ ထိုင်းနိုင်ငံမှာ ခိုလှုံနေပေမယ့် သူတို့ဟာ အာဆီယံအဖွဲ့ရဲ့ ပံ့ပိုးကူညီမှု မရရှိကြပါဘူး။ အာဆီယံပဋိညာဉ်ရဲ့ အရေးပါတဲ့ အချက်တစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်း ရာမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုက ခိုင်မာသော အကောင်အထည်ဖော်ဆောင်မှု လိုအပ်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံဘုံသဘောတူညီချငါးရပ် ချမှတ်ချိန်မှာ မြန်မာနိုင်ငံရဲ့ အရေးပါသော နယ်မြေအများစုကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့အတွက် နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာမှာ စစ်ကောင် စီကို အဓိက သက်ဆိုင်သူအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ စစ်ကောင်စီက မြန်မာနိုင်ငံရဲ့ နယ်မြေပိုင်နက် ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်ပြီး ၅၂ ရာခိုင်နှုန်းကို NUG နဲ့ အခြား တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေက ထိထိရောက်ရောက် ထိန်းချုပ်ထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ချမှတ်တာ တစ်နှစ်ခွဲကျော် ကြာမြင့်လာချိန်မှာ ဒီမိုကရေစီ အတိုက်အခံ တွေက NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထူထောင်ကာ အာဏာသိမ်းစစ်တပ်ကို ပြည်သူ့တွန်း လှန်စစ် ဆင်နွှဲနေပါတယ်။ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို NUG နဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေက ပူးတွဲ အုပ်ချုပ်ကာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှတစ်ဆင့် ညှိနှိုင်း ဆောင်ရွက်နေပါတယ်။

NUG နဲ့ မဟာမိတ်တွေက ထိန်းချုပ်ထားတဲ့နယ်မြေအတွင်း အစိုးရတွေလို လုပ်ငန်းလည်ပတ်ကာ ပြည် သူတွေကို ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဆောင်ရွက်ပေးနေပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှုတွေ၊ ရက်စက်သော ဖြိုခွင်းမှုတွေ ပြုလုပ်နေသရွေ့ အာဆီယံက စစ်ကောင်စီကို နိုင် ငံရေးဆွေးနွေးပွဲမှာ ချန်လှပ်ထားသင့်ပါတယ်။ အာဆီယံအဖွဲ့က စစ်ကောင်စီအပေါ် ပြင်းထန်သော ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်သင့်ပါတယ်။

အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ပြုလုပ်တာကြောင့် အာဆီယံရဲ့ ဒဏ်ခတ်အ ရေးယူမှုတွေက အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေထက် ပိုပြီး ထိရောက်မှုရှိလာနိုင်ပါတယ်။ NUG ကို အသိအမှတ်ပြုကာ နိုင်ငံရေးဆွေးနွေးပွဲမှာ စစ်ကောင်စီကို ဖယ်ရှားလိုက်ခြင်းက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်တာထက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်မယ့် ပိုပြီး လက်တွေ့ကျသော နည်းလမ်း တစ်ခုဖြစ်ပါတယ်။

East Asia Forum ဝဘ်ဆိုဒ်မှာ မြန်မာ စီးပွားရေးနှင့် ငြိမ်းချမ်းရေးအင်စတီကျု့ ငြိမ်းချမ်းရေးသံအမတ်ဟောင်း ထက်မြတ်အောင် ရေးသားထားတဲ့ Time for ASEAN to recognize Myanmar’s shadow government ကို ဆီ လျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။