ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃၀ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမနှင့် ဝဲတူးအကြားတွင် ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် ညနေ ၄ နာရီအချိန်က စစ်ကောင်စီကားကို ဘာမထီလက်နက်ကြီး‌ပြောက်ကျားတပ်ဖွဲ့ – မြိုင် နှင့် မဟာမိတ်အဖွဲ့များမှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကံမ မှ ဝဲတူးသို့ ရိက္ခာထောက်ပို့လာသည့် စစ်ကောင်စီအမိုးခြုံကားအား တိုက်မိုင်း ၁ ပွိုင့်နှင့် ပေပါ ၂ လုံးအား ဒရုန်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး နေရာတွင်ပင် စက်ရပ်သွားခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ဝင်များထံက သိရသည်။

စစ်ကောင်စီဘက်မှ ထိခိုက်မှုအားသိရခြင်းမရှိသေးပဲ တိုက်ခိုက်ခံရမှုကြောင့် စက်ရပ်သွားသည့် စစ်ကားအား နောက်ကားတစ်စီးမှ လာရောက်ဆွဲယူသွားပြီး မဟာမိတ်တပ်ဖွဲ့ဝင်များမှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း
ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့များက ပြောသည်။

ထို့အပြင် ပေါက်မြို့နယ်၊ ပျူရွာဖြစ်သည့် ကုက္ကိုစု ကျေးရွာကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင်လည်း ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့နှင့် နံသာမြေပြောက်ကျားတပ်၊ သံမဏိလိပ်ပြာ မဟာမိတ်အဖွဲ့အပြင် အခြား နယ်ခံမဟာမိတ်အဖွဲ့
များပူပေါင်းပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့​ကြောင်း ဘာမထီတပ်ဖွဲ့ဝင်များထံကသိရသည်။

ဓာတ်ပုံ-ဘာမထီပြောက်ကျားတပ်ဖွဲ့ဝင်များ
#Ayeyarwaddy_Times