ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၉ ရက်

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုတစ်ခု ဆက်လက်ပြုလုပ်ပါက မဟာမိတ်တွေနဲ့အတူ ပြင်း ပြင်းထန်ထန် တုံ့ပြန်မယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက သတိပေးခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူက လီးယားလက်နက်တွေ၊ ဒုံးကျည်တွေ ထုတ်လုပ်မယ့်အစီအစဉ်ကို ဖျောင်းဖျဖို့ တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါ တယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အနေနဲ့ မြောက်ကိုရီးယားရဲ့ အနီးကပ်ဆုံး မဟာမိတ် တရုတ်နိုင်ငံက တာဝန်ဝတ္တရားတွေ ဆောင်ရွက်ဖို့ သူက အင်တာဗျူးတစ်ခုအတွင်း တရုတ်နိုင်ငံကို တောင်းဆို လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို တရုတ်က မဖျောင်းဖျဘူးဆိုရင် ဒေသ တွင်းမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

“သေချာတာကတော့ တရုတ်က မြောက်ကိုရီးယားအပေါ် သြဇာအာဏာလွှမ်းမိုးပြီး ဒီလုပ်ငန်းစဉ်မှာ ပါဝင်ရမယ့် ဝတ္တရားရှိပါတယ်” လို့ သူက ဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် သူ့ရဲ့သြဇာအာဏာ အသုံးချ မချဆုံးဖြတ်ဖို့ က တရုတ်နိုင်ငံအပေါ် မူတည်တယ်လို့ သူက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေကြောင့် ဒေသတွင်းတိုင်းပြည်တွေက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့် လာခဲ့ရပြီး အမေရိကန်နိုင်ငံက စစ်လေယာဉ်တွေ၊ သင်္ဘောတွေ စေလွှတ်ခဲ့ရတယ်လို့ သူက ထောက်ပြပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုပြုလုပ်ရင် အမေရိကန်နဲ့ဂျပန်က မည်သို့တုံ့ပြန်မလဲလို့ မေး မြန်းရာမှာ ယွန်ဆတ်ခ်ယိုက ကြိုတင်မမြင်နိုင်တဲ့နည်းလမ်းနဲ့ လက်တုံ့ပြန်လိမ့်မယ်လို့ ပြောပါတယ်။

ကိုးကား – TRT World
Ref; South Korea warns of response not ‘seen before’ to North Korea