ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၈ ရက်
နိုဝင်ဘာလ ၁၈ ရက်က ဟွာဆောင်-၁၇ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အပြီးသတ်စမ်းသပ်မှု အောင်မြင်ခဲ့ တယ်လို့ မြောက်ကိုရီးယား အာဏရပါတီရဲ့ သတင်းစာက ဖော်ပြလိုက်ပါတယ်။
ဒီနှစ်မကုန်မီ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု ပြီးစီးတဲ့အကြောင်းကြေညာဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က သိပ္ပံပညာရှင်တွေကို ညွှန်ကြားခဲ့တယ်လို့ ရိုဒေါင်ဆင်မွန်သတင်းစာက ဆိုပါတယ်။
တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုမှာပါဝင်ခဲ့တဲ့ ကာကွယ်ရေးတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ကင်ဂျုံအန်ထံ စာတစ်စောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီစာထဲမှာ သိပ္ပံပညာရှင်တွေက ကင်ဂျုံအန်ရဲ့ ကျေး ဇူးကို ဖော်ပြပြီး ဒုံးကျည်စမ်းသပ်မှု အောင်မြင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဟွာဆောင်-၁၇ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ထောက်လှမ်းခြင်း၊ ကြားဖြတ်ဟန့်တားခြင်း ပြုလုပ်ရာမှာခက်ခဲစေတဲ့ မြေအောက်ပစ်စင်တစ်ခု ပြင်ဆင်ဖို့လည်း ကင်ဂျုံအန်က ပြောကြားခဲ့ပါတယ်။ ဟွာဆောင် -၁၇ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဟာ အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ကင်ဂျုံအန်က သမီးဖြစ်သူနဲ့အတူ သိပ္ပံပညာရှင်တွေနဲ့ ဓာတ်ပုံရိုက်ခဲ့တယ်လို့ သတင်းစာက ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ဒုံးလက်နက်နဲ့ နျူကလီးယားစမ်းသပ်မှုတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
ကင်ဂျုံအန်က ဟွာဆောင်-၁၇ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုမှာပါဝင်တဲ့ လူပေါင်း ၁၀၀ ကျော် ကို ရာထူးတိုးမြှင့်ပေးခဲ့ပြီး ကာကွယ်ရေးတက္ကသိုလ် ဥက္ကဌ ဂျန်ချန်ဟာက ဗိုလ်ချုပ်ကြီးအဆင့် ဖြစ်လာပါတယ်။
ဟွာဆောင်-၁၇ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အတွက် ၂၂ ဘီးပါ ပစ်စင်ကိုလည်း “မြောက်ကိုရီးယားသူရဲ ကောင်း” ဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; N. Korea says final test of Hwasong-17 is a perfect success