ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၇ ရက်
လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကာတာနိုင်ငံရှိ ဆိပ်ကမ်းတွေမှာ မြန် မာစစ်တပ်ပိုင် ကုန်တင်သင်္ဘောတွေ ဆိုက်ကပ်ခွင့်မပြုဖို့ Burma Campaign UK က ကာတာအစိုးရကို တောင်း ဆိုလိုက်ပါတယ်။
ကုန်တင်သင်္ဘော “ဉီးသာ” ကို မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဉီးပိုင်လီမိတက်လက်အောက်ရှိ မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလိုင်းက ပိုင်ဆိုင်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့နေတာကြောင့် ဗြိိတိန်၊ အမေရိကန်၊ ကနေဒါနဲ့ ဉရောပသမဂ္ဂတို့က မြန်မာ့စီးပွားရေးဉီးပိုင်လီမိတက်ကို ဒဏ်ခတ်အရေးယူထားပါ တယ်။
ကုလသမဂ္ဂမှာ ကာတာနိုင်ငံက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ တောင်း ဆိုထားတဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံခဲ့ပါတယ်။
အစ္စလာမ္မာစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) အဖွဲ့ဝင်တစ်နိုင်ငံအနေနဲ့ ကာတာနိုင်ငံက အ ပြည်ပြည်ဆိုင်ရာ တရားမျှတမှုရုံး (ICJ) မှာ ရိုဟင်ဂျာ လူမျိုးသုဉ်းအမှုကို ထောက်ခံခဲ့ပါတယ်။
“ကာတာဆိပ်ကမ်းတွေမှာ မြန်မာစစ်တပ်ပိုင်သင်္ဘောတွေ ဆိုက်ကပ်ခွင့်ပြုခြင်းအားဖြင့် သူတို့ကိုယ်တိုင် ရှုတ်ချထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြန်မာစစ်တပ် ကျူးလွန်နိုင်အောင် ငွေကြေးထောက်ပံ့သလိုဖြစ် နေပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်မာဖန်နာက ပြောပါတယ်။
“ကာတာနိုင်ငံက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချပေမယ့် တစ်ချိန်တည်းမှာ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်နေတာ ကျိုးကြောင်းမဆီလျော်ပါဘူး။ ကာတာနိုင်ငံက မြန်မာစစ်တပ်ကို ဆိပ် ကမ်းတွေ အသုံးပြုခွင့်ပေးတာ ရပ်တန့်ရပါမယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Burma Campaign UK
Ref; Qatar: Stop Hosting Burmese Military Vessels