ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းက ဆောက်လက်စတိုက်ပြိုကျလို့ လူ ၇ ဦးဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
အမှတ် ၅ ရပ်ကွက်၊ ပတ္တမြားလမ်းမှာ ဆောက်လက်စ ၁ ထပ်တိုက်ဟာ မနက် ၁၀ နာရီကျော်လောက်မှာ ပြိုကျ ခဲ့တာကြောင့် ကူညီကယ်ဆေးရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဆောက်လက်စတိုက်ရဲ့ အနောက်ဘက်အခြမ်း ပေ ၂၀ ခန့်ပြိုကျခဲ့တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေထဲက စိုးရိမ်ရတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို အင်းစိန်ပြည်သူ့ဆေးရုံကိုပို့ဆောင် ထားပြီး ကျန်တဲ့ အမျိုးသား ၅ ဦးကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သတင်းထုတ် ပြန်ထားပါတယ်။
ဆောက်လက်စတိုက်ပြိုကျတဲ့အောက်မှာ နောက်ထပ် ပိတ်မိနေသူတွေရှိ မရှိကိုတော့ ဆက်လက်ရှာဖွေနေ တယ်လို့ ဆိုပါတယ်။