ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ နိုဝင်ဘာလ ၂၅ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗာရ်ရွာနယ်မြေရဲစခန်းမှ ရဲအရာရှိ ၁ ဦး ယနေ့ နို၀င်ဘာလ ၂၅ ရက် မနက် ၅ နာရီဝန်းကျင်တွင် ကိုယ့်ကိုကိုယ်သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ် ပွားခဲ့ကြောင်း ဒေသခံများမှသိရသည်။

သေဆုံးသွားသူမှာ ဗာရ်နယ်မြေရဲစခန်းမှူး ရဲအုပ် ရဲမင်းထွန်း အသက် ၄၂နှစ် ဝန်းကျင်ဖြစ်ပြီး မကြာသေးမီကမှ ဖလမ်းမြို့မှ ဗာရ်ကျေးရွာသို့ ပြောင်း ရွှေ့ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။

“ဒီမနက်မှာ သူ့ကိုယ််သူ သေနတ်နဲ့ပစ်ပြီး သေဆုံးတာပါ။ သူ့အလောင်းကိုဖလမ်းမြို့ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကြ တယ်။ ဘာကြောင့်အဲ့ဒီလိုလုပ်တယ်ဆိုတာကိုတော့ဖြစ်စဥ် အတိကျမသိရသေးဘူး။ သူက ဗာရ်ရွာစခန်းကိုပြောင်းလာတာသိပ်မကြာသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဗာရ်ကျေးရွာသည် ဖလမ်းမြို့အနီးတွင်တည်ရှိပြီး ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များအကြားထိတွေ့တိုက်ပွဲများဖြစ်ပွားသော်လည်း ယင်းရဲစခန်းသည်တိုက်ခိုက်ခံရမှုနည်းပါးကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၂၈ရက်နေ့ကလည်း ဖလမ်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ Tluang Cung Thang မိမိကိုယ်ကြိုးဆွဲချပြီးအဆုံးစီရင်သေဆုံးခဲ့ကြောင်းသိရသည်။

#ဖလမ်း #ရဲအုပ် #နယ်မြေရဲစခန်း #ကိုယ့်ကိုကိုယ် #သေနတ်နဲ့ပစ် #သေဆုံး #AyeyarwaddyTimes