ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၅ ရက်
အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို မလေးရှားနိုင်ငံရဲ့ ဒသမမြောက် ဝန်ကြီးချုပ်အဖြစ် ခန့် အပ်ခဲ့ရာ မလေးရှားနိုင်ငံမှာ ရက်ပေါင်းများစွာကြာ နိုင်ငံရေးအကျပ်အတည်း အဆုံးသတ်သွားခဲ့ပါတယ်။
အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ မည်သည့်ပါတီမျှ အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းမရှိတဲ့ လွှတ်တော် ရွေးကောက် ပွဲကျင်းပပြီး ငါးရက်အကြာမှာ အန်ဝါကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာကို မလေးရှားဘုရင် ဆူလ်တန်အဗ္ဗဒူလာ အာမက်ရှားက ကြေညာခဲ့တာပါ။
ဇနီးဖြစ်သူ အဇီဇာဝမ်အစ္စမေးလ်နဲ့အတူ အန်ဝါအီဘရာဟင်ဟာ ယမန်နေ့က မလေးရှားဘုရင်ရှေ့မှောက် မှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။ ဝန်ကြီးချုပ်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်မယ်လို့ ကျမ်း သစ္စာကျိန်ဆိုအပြီး ထုတ်ပြန်ချက်တစ်ခုမှာ အန်ဝါအီဘရာဟင်က ပြောပါတယ်။
“မလေးရှားပြည်သူတွေရဲ့ဆန္ဒနဲ့ အသိတရားကိုအခြေခံပြီး ဒီကြီးမားတဲ့တာဝန်ကို ကျွန်တော် ထမ်း ဆောင်သွားမှာဖြစ်ပါတယ်” လို့ အန်ဝါအီဘရာဟင်က ပြောပါတယ်။
ရွေးကောက်ပွဲတစ်ရပ် ကျင်းပပြီးမှသာ ရွေးကောက်ခံရတာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အန်ဝါအီဘ ရာဟင်ဟာ မလေးရှားဘုရင်က ရွေးချယ်ခဲ့တဲ့ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။ခန့်အပ်တဲ့
တိုင်းပြည်အတွက် ဆုတောင်းပေးကြဖို့နဲ့ ပြည်နယ်ကိုးခုမှ ဘုရင်များက တည်ငြိမ်သော အစိုးရတစ်ရပ် ဖွဲ့ စည်းရေးအတွက် ထောက်ခံပေးကြဖို့ ဘုရင် ဆူလ်တန်အဗ္ဗဒူလာအာမက်ရှားက မလေးရှားပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ်သစ်တစ်ဉီး ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးဖို့ မလေးရှားဘုရင် ဆူလ်တန်အဗ္ဗဒူလာအာမက်ရှားက ပြည်နယ်ကိုးခုမှ ဘုရင်တွေနဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။
ကိုးကား – TRT World
Ref; Anwar Ibrahim named as Malaysia’s new prime minister