ဧရာဝတီတိုင်းမ်
(မြိုင်)၊ နိုဝင်ဘာလ ၂၃ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံလမ်းခွဲ ကောင်းစက်ဝိုင်းပန့်ဆိုင်အနီးရှိ စစ်ကောင်စီကင်းစခန်းမှ ပျူစောထီး ၂ ဦးမှ ယနေ့နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သေနတ် ၃ လက်နှင့်အတူ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၁)ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကံလှကျေးရွာမှဖိုးချစ်နှင့် မရမ်းကုန်းကျေးရွာမှခိုင်ဇော်ဝင်းဆိုသူ ပျူစောထီးအဖွဲ့ဝင် ၂ ဦးသည် အင်းအား ၁၃ ယောက်ရှိသည့်ကင်းစခန်းမှဖြစ်ပြီး ၎င်းတို့အဖွဲ့သားများအား ထမင်းကြော်တွင် အိပ်ဆေးခတ်၍ အိပ်ပျော်နေကြစဉ် MA3 တစ်လက်၊ MA1တစ်လက်၊ Carbine1တစ်လက်၊ ကျည်ဘောက်၅ခု ကျည်၅၈တောင့် Carbineဘောက် ၃ခု ကျည်၅၂တောင့်ဖြင့် တပ်ရင်း(၁)ထံသို့ လက်နတ်များလာရောက်အပ်နှံခဲ့ကကြခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
“အဲ့ဒီစခန်းမှာ စစ်သား ၄ ယောက်နဲ့ပျူစောထီး ၁၁ ယောက်ရှိတာ၊ သူတို့ ၂ယောက်ကအရင်လာဆက်သွယ်တော့ အိပ်ဆေးခတ်ဖို့ကျွန်တော်တို့ကအကြံပေးခဲ့တာပါ၊ အိပ်ဆေးပမာဏနည်းသွားလို့ လက်နက် ၁၃ လက်ရမဲ့အစား ၃ လက်ဘဲယူလာနိုင်ခဲ့တာ” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ယျာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ချအလင်းဝင်ခဲ့သည့် ပျူ၂ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ သိန်း(၅၀)ကျပ် ချီးမြှင့်၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
#ပခုက္ကူ #ပျူစောထီး #အိပ်ဆေးခတ် #အလင်းဝင်
#Ayeyarwaddy_Times