ကိုကိုလေး/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

စစ်ကိုင်းတ်ိုင်း၊ ကသာမြို့နယ်၊ မိုးတာတိုက်နယ်၊ သံပုရာကုန်း နဲ့ ရေနီကြားတွင် ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်အချိန်မှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားတယ်လို့ မိုးတား PDF ထံကသိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းရန်ကြောက်တာကြောင့် ကမ်းပါးဘေးကပ်သွားနေချိန် သံပုရာကုန်း နဲ့ ရေနီကြားအနီးမှာ RPG ၉ ချက်၊ ဆွဲမိုင်း ၈ လုံး၊ 79 mm တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောပါတယ်။

“တိုက်ပွဲက အနီးကဖြစ်တော့ သေချာမြင်ရတယ်။ နှစ်ဖက်စလုံးက ကွင်းပြင်မှာဖြစ်ကြတော့။ သူတို့တွေ ဒဏ်ရာရတဲ့သူတွေနဲ့ သေဆုံးတဲ့သူတွေကို သယ်ထုတ်နေကြတာ။ အခါတိုင်းက စစ်သားတွေသေရင် မြစ်ကမ်းဘေးက ရွာသားတွေကို မြေမြုပ်ခိုင်းတာ။ ခုတော့ သူတို့ကိုယ်တိုင်သယ်ထုတ်နေတယ်” လို့ မိုးတာ PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

RPG နဲ့ အပစ်ခံရလို့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကသာမြို့ဘက်ကနေ မော်တော်များနဲ့ စစ်တပ်ကလာရောက်သယ်ယူနေတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီတိုက်ပွဲကို ကသာမြို့နယ်၊ မိုးတားတိုက်နယ်အတွင်းရှိ ဗိုလ်သာလိကာ ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ အကြား
ဒီကနေ့ ၁၁ နာရီ ၄၅ မိနစ် ကစတင်ကာ မင်းလယ်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောပါတယ်။

စက်တင်ဘာလအတွင်းကလည်း ကသာခရိုင်၊ မိုးတားတိုက်နယ်မှာ မြစ်ကမ်းပါးဘေးမှ ကပ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ RPG နဲ့ ပစ်ခတ်ခံရကာ ကမ်းပါးပြိုကျပြီး စစ်တပ််က အစုလိုက်အပြုံလိုက် ရေနစ်သေဆုံးခဲ့သေးတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။
#Ayeyarwaddy_Times