ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်

ရုရှားနိုင်ငံက နိုဝင်ဘာလ ၂၀ ရက်မှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ဒုံးကျည်တိုက်ခိုက်မှု ၄၀၀ နီးပါး ပြု လုပ်ခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားနိုင်ငံက ဒီလအတွင်း ယူကရိန်းတောင်ပိုင်းရှိ ခါဆွန်မြို့ရှိ တပ်ဖွဲ့တွေကိုရုတ်သိမ်းကာ စက်မှုထွန်း ကားသော ဒေသတစ်ခုဖြစ်တဲ့ အရှေ့ပိုင်းရှိ ဒွန်းဘတ်စ်ဒေသသို့ အင်အားဖြည့်တင်းခဲ့ပါတယ်။

“ဒွန်းဘတ်စ်ဒေသမှာ အပြင်းထန်ဆုံး တိုက်ပွဲတွေဖြစ်နေပါတယ်။ ရုရှားတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ် ခတ်မှုက မြင့်တက်နေဆဲဖြစ်ပါတယ်” လို့ ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ဇီလန်စကီးက ပြောပါတယ်။

“လူဟန့်ဒေသမှာ ကျွန်တော်တို့ တိုက်ပွဲဝင်ရင်း ရှေ့ဆက်ချီတက်နေပါတယ်။ အရှေ့ပိုင်းဒေသမှာ ရုရှား တပ်ဖွဲ့တွေက တစ်ရက်ကို လက်နက်ကြီးတိုက်ခိုက်မှု အကြိမ် ၄၀၀ ခန့် ပြုလုပ်ခဲ့ပါတယ်” လို့ ဇီလန်စကီးက ဆိုပါ တယ်။

တောင်ပိုင်းရှိ ယူကရိန်းတပ်ဖွဲ့တွေက ကျူးကျော်သူတွေကို ထိခိုက်အောင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူက ဆိုပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့စနေနေ့က ယူကရိန်းတောင်ပိုင်းမှာ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ရုရှားစစ်သည် ၆၀ ခန့် သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ ဒရုန်းတွေိကိုတန်ပြန်ဖို့ ရေဒါနဲ့ ဒရုန်းဖျက်နည်းပညာအပါအဝင် လေယာဉ်ပစ်လက်နက် ၁၂၅ လက်ပါဝင်တဲ့ စတာလင်ပေါင် သန်း ၅၀ တန်ကြေးရှိ စစ်ရေးအကူအညီ ယူကရိန်းသို့ ပေးအပ်မယ်လို့ အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ရှရှီဆူနတ်ခ်က ကတိပြုခဲ့ပါတယ်။

ယူကရိန်းနယ်စပ်အနီး ပိုလန်ပိုင်နက်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ဒုံးကျည်တစ်စင်း ကျရောက်မှုကြောင့် အနောက်နိုင်ငံတွေနဲ့ရုရှားကြား တင်းမာမှုတွေမြင့်တက်နေစဉ် ဆူနတ်ခ်က ယူကရိန်းကို လာရောက်ခဲ့တာပါ။

ကိုးကား – Evening Standard
Ref; Russia fires almost 400 missiles at Ukraine in a day