ကိုကိုမောင်/ဧရာဝတီတိုင်းမ်
မအူပင်၊ဇူလိုင်လ ၄ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ ကျေးရွာများတွင် သတင်းပေးဒလန်များနှင့် သွေးသောက်ဆိုသူများ ၏ နေအိမ်များကို မေလဆန်းပိုင်းကစ၍ ကင်းစောင့်လုံ ခြုံရေးယူပေးနေရကြောင်း ဒေသခံများထံမှသိရသည်။

ကျေးရွာဒေသခံများက စစ်ကောင်စီတပ်သတင်းပေးများနှင့်သွေးသောက်ဆိုသူများကို ကင်းစောင့်ပေးနေရပြီး မစောင့်ပေးနိုင်သူများက ၅၀၀၀ ကျပ်ပေးရသည်ဟုဆို သည်။

”ကင်းစောင့်နေရတာ ၂လလောက်ရှိပြီဗျ။ ဘာကိုစောင့်ရလည်းဆိုရင် သတင်းပေးဒလန်နဲ့ သွေး သောက်တွေရဲ့ အိမ်နားတွေမှာစောင့်ရတာ။ မစောင့်ပေးလို့လည်းမရဘူး၊အလှည့်ကျစောင့်ပေးနေရတာ၊ မစောင့်နိုင်ရင် ၅၀၀၀ ပေးရတယ်။မအူပင်မှာ ရွာအုပ်စု ၈၀ ကျော်ရှိတာ၊ ၄၀ ကျော်လောက်မှာစောင့်ပေးနေရတယ်။ သူတို့ကမကျေနပ် တဲ့သူတွေဆိုရင် နိုင်ငံရေးနဲ့ပတ်သက်သူတွေဆိုပြီးအပစ်ရှာဖမ်းတော့တာဘဲ” ဟု ဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

မအူပင်မြို့ပေါ်တွင် သတင်းပေးဒလန်နှင့် သွေးသောက်ဆိုသူများက မိသားစုပြသနာများကစ၍ အုပ်ချုပ်ရေးပိုင်းများကို အဓိကဆောင်ရွက်နေပြီး စစ်အုပ်စုလက် အောက်ခံရဲတပ်ဖွဲ့များနှင့်ပူးပေါင်း၍ ဧည့်စာရင်းစစ်ဆေးခြင်းများကိုပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။