ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်
ထိုင်ဝမ်ပေါ် တရုတ်နိုင်ငံရဲ့တိုက်ခိုက်မှု ဖြစ်မလာသေးပေမယ့် အမေရိကန်နိုင်ငံက အလွန် နီးကပ်စွာ စောင့်ကြည့်နေတယ်လို့ ထိပ်တန်း အမေရိကန်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
တရုတ်က ထိုင်ဝမ်ကို အချိန်မရွေး တိုက်ခိုက်နိုင်စွမ်းရှိပေမယ့် ဒီလိုလုပ်ဖို့ဆုံးဖြတ်ချက်က နိုင်ငံရေး ရွေး ချယ်မှုတစ်ခုသာဖြစ်မယ်လို့ ဗိုလ်ချုပ်ကြီး မတ်ခ်မီလေးက ဘီဘီစီကို ပြောပါတယ်။
ထိုင်ဝမ်က ခွဲထွက်ပြည်နယ်တစ်ခုဖြစ်ပြီး လိုအပ်ရင် အင်အားသုံးပြီး ပြည်မနဲ့ပြန်ပေါင်းစည်းရမယ်လို့ တ ရုတ်နိုင်ငံက ပြောပါတယ်။ အမေရိကန်က ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကို ထောက်ခံအားပေးနေတယ်လို့ တရုတ်က စွပ်စွဲခဲ့ပြီး ဘယ်ကြိုးပမ်းမှုမျိုးကိုမဆို ချေမှုန်းပစ်မယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ ထိုင်ဝမ်ရဲ့ အင်အားအကြီးမားဆုံးမဟာမိတ် အမေရိကန်ကြား မကြာသေးမီက တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်း စစ်လေယာဉ်တွေ စေလွှတ်ခဲ့သလို အမေရိကန်ကလည်း ထိုင်ဝမ်ရေပိုင်နက်တစ်လျောက် စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်နဲ့ကပ်လျက် စစ်လေယာဉ်တွေ ပျံသန်းခြင်းအားဖြင့် “မီးနဲ့ကစားနေတယ်” လို့ အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်က မေလအတွင်း ပြောကြားခဲ့ပြီး တရုတ်က တိုက်လာခဲ့ရင် ထိုင်ဝမ်ကို စစ်ရေးအရ အကူ အညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
အမေရိကန်က ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ကတိကဝတ်ကို ချိုးဖောက်နေပြီး တရုတ်ပြည်တွင်းရေးမှာ ဝင် ရောက်စွက်ဖက်နေတယ်လို့ ပေကျင်းက စွပ်စွဲခဲ့ပြီး ထိုင်ဝမ်က တရားဝင် လွတ်လပ်ရေးမကြေညာဖို့အတွက် တိုက် ခိုက်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဖူးလို့ ပြောပါတယ်။
တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်နိုင်ပါသလားဟု မေးမြန်းရာတွင် “တရုတ်က ထိုင်ဝမ်ကိုတိုက်ခိုက်ရာမှာ ဘယ်လောက်အထိ ကုန်ကျမလဲဆိုတဲ့ ရှုမြင်မှုအပေါ် မူတည်ပါတယ်။ ဒါက နိုင်ငံရေးအရ မူဝါဒအရ ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး မတ်ခ်မီလေးက ဖြေပါတယ်။
ထိုင်ဝမ်ကိုတိုက်ခိုက်မှုပြုလုပ်ရင် တရုတ်နိုင်ငံအတွက်သာမက ကမ္ဘာကြီးအတွက်ပါ အကုန်အကျများပြီး အန္တရာယ်ဖြစ်စေတယ်ဆိုတာ တရုတ်နိုင်ငံက လက်ခံထားတယ်လို့ ပညာရှင်တွေက သဘောတူပါတယ်။
ကိုးကား – BBC
Ref; Taiwan: China attack not imminent, but US watching closely, says Gen Milley