ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ဧရာဝတီတိုင်းအတွင်းရှိ စာသင်ကျောင်းများတွင် သွေး လွန်တုပ်ကွေးရောဂါ ဖြစ်ပွား၍ ကျောင်းပျက်ကွက်သည့် ကျောင်းသားများကို ခရီးလွန်နှင့်ရာသီတုပ်ကွေးဟုဆိုကာ တိုင်းစစ်ကောင်စီကို လိမ်လည် စာရင်းတင်ပြနေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံက သိရသည်။
မိုးဦးကျရာသီကာလဖြစ်၍ ကျောင်းတက်ရောက်နေသည့်ကလေးများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ ပြားနေပြီး ရောဂါဖြစ်ပွားမှုအခြေအနေများကို စစ်ကောင် စီကဖုံးဖိထားခြင်းဖြစ်သည်ဟု ဆိုသည်။
“သွေးလွန်တုပ်ကွေးဖြစ်လို့ ကျောင်းမတက်နိုင်တာကို အမှန်တိုင်းတင်လို့ မရဘူး၊ တခြားအကြောင်းနဲ့လှည့်ပြီးတင်ရတာ၊ကျောင်းမှာကျောင်းသားဦးရေ အပြည့်ကျောင်းတက်နေတယ်ဆိုတာကို အထက်ကသိစေချင်တာ။ ရောဂါဖြစ်လို့ ကျောင်းပျက်နေလည်း အမှန်တိုင်းတင်မရဘူး၊ ဒါတွေကိုလိမ်ညာပီး တိုင်းစစ်ကောင်စီကို တင်ပြရတာ “လို့ ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းတဦးက ဧရာဝတီတိုမ်းကိုပြောသည်။
ထို့ပြင်သွေးလွန်တုပ်ကွေးရောဂါအတွက် စာသင်ကျောင်းများတွင် စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ထားကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အနည်းငယ်သာရှိသည်ဟုဆိုကာ မှတ်တမ်းဓာတ်ပုံများရိုက်ယူပြီးအထက်အဆင့်ဆင့်ကို စစ်ကောင် စီဌာနဆိုင်ရာတွေက တင်ပြနေကြောင်း ရေကြည်မြို့ခံတဦးကပြောသည်။
“တချို့ကျောင်းသားကလေးတွေ သွေးလွန်တုပ်ကွေးတို့၊ ကိုဗစ်တို့ ရောဂါကြောင့် အသက်ဆုံးရှုံးသွားမယ်ဆိုရင် တောင် အမှန်အတိုင်းတင်ပြလို့မရဘူး။တခြားရောဂါနဲ့သေဆုံးတယ်လို့ စာရင်း ပြရတယ်။ကျောင်းတွေမှာရော ဂါကင်းစင်ပြီးကျောင်းသားတွေဖျားနာမှုမရှိပဲ ကျောင်းကိုပျော်ပျော်ကြီးတက်နေကြတယ်လို့ဝါဒဖြန့်ချင်တာ” လို့ ၎င်း ဝန် ထမ်းက ဆက်လက်ပြောသည်။
ကျုံပျော်မြို့နယ်နှင့်ရေကြည်မြို့နယ်တွင်လည်းကျောင်း သားများသွေး လွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်နေပြီး ရောဂါဖြစ်ပွားနေ၍ ကျောင်းပျက်ကွက်နေသည့် ကျောင်းသားများကို တာဝန်ရှိသူများမှ ခရီးလွန်၊ရိုးရိုးရာသီတုပ်ကွေး ခေါင်းစဉ်တို့ဖြင့် စာရင်းသွင်းထားကြောင်း ကျောင်းသားမိဘများထံကသိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့၊ရွာဘက်မှ စာကျောင်းတွေများမှာသွေးလွန် တုပ်ကွေးအဖြစ်များကြောင်းကို တိုက်နယ်ဆရာဝန်တွေကမြေပြင်အခြေအနေကိုအမှန်အတိုင်းတင်ပြသော်လဲ” မင်းတို့ဘာအဆင့်ရှိလဲ” ဟုဆိုကာ
ဧရာဝတီတိုင်း စစ်ကောင်စီခန့်ဝန်ကြီးချုပ်က ခြိမ်း ခြောက်နေကြောင်း ဒေသခံများထံကသိရှိရသည်။