ဇလွန်မြို့မှာ စက်ဘီးနဲ့ကန်စွန်းရွက်ရောင်းစားတဲ့စျေးသည်ကို စက်ဘီးမှာဘဲလ်မတပ်လို့ စစ်ကောင်စီက ဒဏ်ငွေ ကျပ် ၈၀၀၀ တောင်းလို့ အရင်းပြုတ်

ကိုကိုလေး/ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၃ ရက်

ဧရာဝတီတ်ိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်မှာ စက်ဘီးနဲ့စျေးရောင်းတဲ့ ကန်စွန်းရွက်စျေးသည်ကို စက်ဘီးဘဲလ်မတပ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒဏ်ငွေ ကျပ် ၈၀၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ ဇလွန်မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ ပျဉ်းမကုန်းလမ်းစုံ ဇလွန်မြို့အဝင်စစ်ဆေးရေးဂိတ်ကဖြစ်ပြီး စျေးရောင်းပြန်လာတဲ့ ကန်စွန်းရွက်စျေးသည်အမျိုးသမီးတဦးကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီး စက်ဘီးဘဲလ်မတပ်လို့ ဒဏ်ငွေ ကျပ် ၈၀၀၀ ရိုက်ခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့ပြင် အဆိုပါ ကန်စွန်းရွက်သယ်အမျိုးသမီးဟာ စစ်ကောင်စီတပ်တွေက ဒဏ်ငွေ ၈၀၀၀ တောင်းခဲ့ပေမယ့် စစ်ကောင်စီတပ်တွေကို ဝန်ချတောင်းပန်ပြီး ကျပ်ငွေ ၆၀၀၀ ပေးခဲ့ရကာ တရက်စာရင်းနှီးထားတဲ့အရင်းလေးပါပြုတ်သွားတယ်လို့ ဇလွန်မြို့ခံတွေက ပြောပါတယ်။

“စစ်တပ်က သူတို့ စစ်ဆေးရေးဂိတ်ဖွင့်ထားတယ် ဇလွန်မြို့အဝင်မှာ စက်ဘီးကိုရပ်ခိုင်းပြီး စစ်ဆေးကြတယ်။ ဘာမှ ပစ်ချက်မတွေ့တော့ စက်ဘီးဘဲလ်မတပ်ရမလားဆိုပီး ဖမ်းတာ။ သူ့ခဗျာချို့ချို့တဲ့တဲ့လေးပါ ဒါတွေအကုန်ရောင်းမှ ဘယ်လောက်မြတ်မလဲ သနားလို့ပါ။ သူ့အရင်းတောင်ပြုတ်တာပေါ့။ တောင်းပန်ပီး မနဲ ၆၀၀၀ နဲ့စစ်ပြီး ပေးခဲ့ရတယ်” လို့

မျက်မြင်ဇလွန်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဧရာဝတီတ်ိုင်းတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် မြို့ဝင်ဂိတ်တွေမှာ ဆိုင်းကယ်စီးသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိသလို ဖုန်းများယူ၍စစ်ဆေးဖမ်းဆီးခြင်း၊ ဘော်လီမဝတ်သူတွေကိုဖမ်းဆီးငွေတောင်းခြင်း၊ ဖိနပ်မစီးသူတွေက်ို ဖမ်းဆီး

ငွေတောင်းခြင်းက အစ ဆက်တိုက်ပြုလုပ်နေလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#Ayeyarwaddy_Times