စက်တင်ဘာလ ၂၉ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)

– ရေးမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရလို့ တပ်သား ၄ ဦးသေဆုံး

– စစ်ကောင်စီခန့်အုပ်ကြီးတွေက မြန်အောင်မြို့နယ်တွင် လောင်းကစားဝိုင်းများကို အပတ်စဉ် ၃ သိန်းယူကာ ဖွင့်ခွင့်ပေးထား

– အကျဉ်းထောင် ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရ

– ဘုရားတောင်တပ်စခန်းကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၁၃ ဦးကျဆုံး ၁၇ ဦး ထွက်ပြေး

– မြစ်ကြီးနားမြို့ လမ်းဆုံမီးပွိုင့်တွေမှာ တပ်ဆင်အသုံးပြုထားတဲ့ မီးအားမြှင့်စက်တွေ အခိုးခံခဲ့ရတဲ့အမှု တရားခံတွေကို ဖမ်းဆီးနိုင်တာ မရှိသေး

– စစ်တွေမြို့မှာ ည ၁၀ နာရီမထိုးမီ ဆိုင်တွေပိတ်ရမယ်လို့ အမိန့်ထုတ်ပြန်

– စစ်ကောင်စီက ဝ ပြည်နယ်နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

ဒေသအဖြစ် သတ်မှတ်ပေးတာဟာ မက်လုံးပေးစည်းရုံးမှုသာဖြစ်

– မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအပေါ် ရောက်ရှိဖို့ အရေးတကြီး လိုအပ်နေ