ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးကာ KRU မှ ရဲဘော်တစ်ဦး အပြင်းအထန်ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ၂၇ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာတွင် စက်တင်ဘာလ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု KRUနှင့်မဟာမိတ်တပ် DMO PDF တပ်ရင်း A တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်စွဲထာစာ ကုန်းသာရွာတွင်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးခဲ့ပြီး KRU မှရဲဘော်တဦး ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အဆမတန် အသုံးပြုနေသောကြောင့် KRUနှင့်မဟာမိတ်များဘက်မှခေတ္တ ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်းလည်း ထုတ်ပြန်ထားပါသည်။

ဓာတ်ပုံ – KRU

#ဒီးမော့ဆို #တိုက်ပွဲ #စစ်ကောင်စီ #KRU

#Ayeyarwaddy_Times