ဖူဂျီဆပ်ပြာစက်ရုံမှာ OTကြေးနှစ် နဲ့ ချီမပေးခဲ့လို့ တောင်းဆိုတဲ့ အလုပ်သမား ၅၀ ကျော်ကို စက်ရုံအတွင်းကနှင်ထုတ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၆ ရက်

ဖူဂျီဆပ်ပြာစက်ရုံရှိ အလုပ်သမားများ အချိန်ပိုကြေးတောင်းဆိုရာကနေ အလုပ်သမားတွေကို စက်ရုံပြင်ပကို နှင်ထုတ်ခံရမှုများရှိနေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ကနေ သိရပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာ စက်မှုဇုန်(၂)၊ ကနောင်မင်းသားကြီးလမ်းသွယ်(၁) ရှိ ဖူဂျီဆပ်ပြာစက်ရုံက အလုပ်သမားတွေဟာ နှစ်နဲ့ချီပြီးမရရှိသေးတာကြောင့် အချိန်ပိုကြေးရရှိဖို့တောင်းဆိုရာကနေ နှင်ထုတ်တာခံနေရတာလို့ သိရပါတယ်။

Fuji ဆပ်ပြာစက်ရုံရှိ အလုပ်သမားများဟာ စနေနေ့တိုင်း အချိန်ပိုဆင်း အလုပ်လုပ်ပေးရတာက နှစ်ချီရှိနေပြီး အရင်က ကားခပေးပေမယ့် အခုအခါ မပေးတော့တာဖြစ်ပါတယ်။

ဒါ့ပြင် ကျွမ်းကျင်ကြေးကိုလည်း ကုန်ချောထုတ်နေသည့်ဘက်ကနေ အလုပ်သမားများနှင့်တန်းတူမရရှိသလို လုပ်သက်နှစ်ကြေးက လည်း ရှစ်နှစ်ကြာသည်အထိ အလုပ်သမားများမှာ လုပ်သက်ကြေးခံစားခွင့်မရရှိသေးတာလို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က လူမှုကွန်ရက်စာမျက်နှာကနေထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖူဂျီဆပ်ပြာစက်ရုံက တရုတ်- မြန်မာဖက်စပ်ဖွင့်လှစ်ထားသည့်စက်ရုံဖြစ်ပြီး ရွှေသဇင်ကုမ္ပဏီပိုင်စက်ရုံဖြစ်ပြီး လက်ရှိမှာ အလုပ်သမား ၄၀၀ ဝန်းကျင်ဖြင့်လည်ပတ်နေတာဖြစ်ပါတယ်။

#တစ်မိနစ်ရုပ်သံ #ဖူဂျီဆပ်ပြာ #OT #အလုပ်သမား #စက်ရုံ #နှင်ထုတ်

#Ayeyarwaddy_Times